ရေစိုခံကာဗာ ၀ယ်ယူမှုများ

မိုဘိုင်းဖုန်းဆိုင်တစ်ခုတွင် ရေစိုခံကာဗာများကို ရွေးချယ်နေသည့် အမျိုးသမီး တစ်ဦး။ ဓာတ်ပုံ - အောင်ဌေးလှိုင်မိုဘိုင်းဖုန်းဆိုင်တစ်ခုတွင် ရေစိုခံကာဗာများကို ရွေးချယ်နေသည့် အမျိုးသမီး တစ်ဦး။ ဓာတ်ပုံ - အောင်ဌေးလှိုင်

မိုးရာသီရောက်လာပြီဖြစ်သဖြင့် မိုဘိုင်း ဖုန်းများ ရေစိုပျက်စီးမှုမှ ကာကွယ်ပေးနိုင်မည့် ရေစိုခံ
ကာဗာများကို ၀ယ်ယူလာကြသည်ဟု မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ သိရသည်။

"ရေစိုခံအိတ်တွေကတော့ သိပ် တော့ မရောင်းရပါဘူး။ နည်းနည်းပါးပါးပဲ ရောင်းရတယ်။ အခု
တော်တော်များများ ၀ယ်လာကြတာ တော့ ရေစိုခံကာဗာလေးတွေဝယ်ကြ တယ်။ အဲဒီကာဗာ
မှာသုံးမျိုးပါတယ်။ ရေစိုခံအိတ်ရယ်၊ အထဲမှာ ကာဗာရယ်။ စတေကာရယ်ပါတယ်။ တချို့ ကာဗာ
လာဝယ်တဲ့သူတွေလာရင် အဲဒီ့ကာဗာလေးကိုပြရင် ၀ယ်သွားကြတာမျိုး တွေလည်းရှိတယ်။ သူ
က Huawei ဖုန်း တွေအတွက် အများဆုံးထုတ်တယ်။ Samsung ဖုန်းတွေ အတွက်က တော့
နည်းနည်းပဲ ထုတ်သေးတယ်။ နောက်ပိုင်း မိုးတွေအရမ်းရွာလာရင် တော့ အဲဒီကာဗာတွေ ရောင်း
အား ကောင်းလာမယ်လို့ ထင်ပါတယ်" ဟု KKA Mobile and Digital Store မှ
မပပက ပြောသည်။

ရေစိုခံကာဗာများမှာ မော်ဒယ်မြင့် ဖုန်းများအတွက်သာရှိသဖြင့် ရေစိုခံ အိတ်များကို အသုံးပြုသူ
များလည်းရှိ သည်ဟု Mobile King မိုဘိုင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရေစိုခံအိတ်ကို အနည်းငယ်သုံးတဲ့ သူတွေတော့ရှိပါတယ်။ အများကြီး တော့မရှိဘူး။ အနည်းငယ်
တော့ဝယ် တဲ့သူတွေရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကဆိုရင်တော့ ရောင်းရတယ်။ ရေစိုခံအိတ်
တွေရေစိုခံဖုန်းတွေ တော်တော်ရောင်းရတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ်ကတော့ မရောင်းရတော့ဘူး။ မိုးတွင်းဆိုတော့ ရေစိုခံတဲ့ဖုန်းတွေ၊ ရေစိုခံအိတ်တွေ၊ ရေစိုခံကာဗာတွေ၊ အစွပ်တွေ အလိုမျိုးတွေ
ရောင်းရ တယ်။ ရေစိုခံကာဗာတွေက မော်ဒန်အမြင့်ပိုင်းတွေမှာပဲလာတယ်။ ရေစိုခံ အိတ်ကြတော့
ဘယ်ဖုန်းမဆိုထည့်လို့ ရတယ်"ဟု ၎င်းကပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း