မလေးရှားသို့ Ytalk မှ အခမဲ့ဖုန်း ခေါ်ဆိုနိုင်

မလေးရှားနိုင်ငံရှိ ဖုန်းများသို့ Y-talk International Calling Center များတွင် ဇွန်လ ၁၃ ရက်
နေ့မှ ၃၀ ရက်နေ့အထိ အခမဲ့ခေါ်ဆိုနိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။

"မလေးရှားနိုင်ငံမှာ ရောက်နေ တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့မိသားစု
တွေနဲ့ အဆက်အသွယ်မပျက်ရအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးတာပါ။ အားလုံးကိုအ
ဆင်ပြေစေချင်လို့ပါ။ လာပြီး ဆက်သွယ်တဲ့ ခေါ်ဆိုတဲ့ အရေအတွက်ကလည်း တော်တော်တော့
များနေပါပြီ"ဟု VMG Telecoms ကုမ္ပဏီလီမိတက်မှ ဈေးကွက်မန်နေဂျာ မဖြိုးမီမီရှိန်က
ပြောသည်။

ဖုန်းခေါ်ဆိုမှုများကို Y-talk International Calling Center များဖြစ်သည့် အမှတ် ၀၀၁၊ မြေညီ
ထပ်၊ ယုဇနအိမ်ရာ၊ ရေတာရှည်လမ်း၊ ဗဟန်းမြို့နယ်နှင့် အမှတ် ၄၇၊ သတိပဌာန်လမ်း၊ ကျောက်
မြောင်းရပ်ကွက်၊ တာမွေမြိုကနယ်တို့တွင် အခမဲ့ခေါ်ဆိုနိုင်မည်ဖြစ်သည်။

" Y-talk card  ရှိတဲ့သူတွေသာ ခေါ်ဆိုနိုင်တာမဟုတ်ဘဲ မလေးရှား ကိုခေါ်ဆိုမယ်ဆိုရင် ဗဟန်း
ဆိုင်နဲ့ ကျောက်မြောင်းဆိုင်တို့မှာ သွားပြီး မလေးရှားကို ခေါ်ချင်လို့ပါဆိုရင် တိုက်ရိုက် ခေါ်ဆိုနိုင်
ပါတယ်။ တစ်ဆိုင်မှာ အခန်း ၁၀ ခန်းပဲထားတော့ လူပြည့်နေရင်တော့ စောင့်နေရမှာပေါ့။ ကျွန်မ
တို့ကတော့ မိနစ်ဘယ်လောက် ပြောရမယ်ဆိုပြီးတော့ အကန့်အသတ်တော့မရှိပါဘူး"ဟု မဖြိုးမီ
မီရှိန်ကပြောသည်။

"ကျွန်မတို့က တစ်ဖက်တစ်လမ်း ကူညီရတယ်ဆိုတော့ ကိုယ်နိုင် သလောက်လေးနဲ့ အားလုံးကို
စိတ်ချမ်းသာစေချင်တယ်။ နောက်ပြီး ကိုယ်ချင်းလည်း စာတယ်။ ကိုယ့်မိသားစုလည်း အဲဒီလို
သွားရင် စိတ်ပူ ပန်ကြမှာပဲလေ။ အမြဲတမ်း အဆက်အသွယ်လေးမပြတ်အောင် ကျွန်မတို့ဘက်
က တတ်နိုင် သလောက်တော့ ကူညီပေး မှာပါ" ဟု ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း