အက်ပဲလ်ရဲ့အမှုကြောင့် အီလက်ထရွန်းနစ် စာအုပ်၊ ရုပ်ရှင်နဲ့ သီချင်း ဈေးနှုန်းသတ်မှတ်ရေး ထွက်ပေါ်လာ

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ အက်ပဲလ်စတိုးဆိုင်။ ဓာတ်ပုံ - အေအက်ဖ်ပီအမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ အက်ပဲလ်စတိုးဆိုင်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အက်ပဲလ်နဲ့ပုံနှိပ်ထုတ်ဝေရေး ကုမ္ပဏီကြီးငါးခု ပူးပေါင်းပြီး အီလက်ထရွန်းနစ် စာအုပ်တွေကို
ဈေးနှုန်းသတ်မှတ် ဖို့ ကြိုးစားနေတယ်ဆိုတဲ့ တွေ့ရှိချက်နဲ့ပတ်သက်ပြီး အမေရိကန်တရားသူကြီး
က ချမှတ်လိုက်တဲ့ စီရင်ချက် ဟာ သီချင်းနဲ့ ရုပ်ရှင်အပါအ၀င် ဒစ်ဂျစ်တယ်ရောင်းကုန်တွေအား
လုံးနဲ့ ပတ်သက်ပြီး ဈေးကွက်ထဲမှာ ယှဉ်ပြိုင် မှုတွေ ပိုဖြစ်လာစေနိုင်တယ်လို့ လေ့လာသုံးသပ်
သူတွေက ပြောပါတယ်။

ဗဟိုတရားရုံးက ဇူလိုင်လ ၁၀ ရက် နေ့မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ဈေးနှုန်းသတ်မှတ်ရေး
ပုံစံ ပြောင်းလဲ သွားနေပေမယ့် အွန်လိုင်းလက်လီအရောင်းကုမ္ပဏီကြီး အမ်မဇုန်ရဲ့ ဈေးကွက်ထဲ
လွှမ်းမိုးထားမှုကိုလည်း ပိုပြီး ခိုင်မာသွားစေနိုင်ပါတယ်။ "၀ယ်လက်တွေအတွက်ကတော့ အလား
အလာကောင်းပါပဲ" လို့ ၀ါရှင် တန် ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့ ဆိုင်ရာ ရှေ့နေနဲ့ ဗဟိုကုန်သွယ်ရေး
ကော်မရှင် မူဝါဒရေးရာ ဒါရိုက်တာ ဟောင်း ဒေးဗစ်ဘော်လ်တိုက ပြော ပါတယ်။

"အက်ပဲလ်ရဲ့ မူကတော့ ဈေးနှုန်းတွေကို သိသိသာသာကြီး မြှင့်ထား တာပါ။ တကယ်လို့ ဒီမူကို
သုံးလို့ရ မယ်ဆိုရင် ဈေးကွက်တော်တော်များ များမှာ ဈေးနှုန်းတွေ တိုးမြှင့်သတ်မှတ် ဖို့ ဒီစနစ်ကို
အက်ပဲလ်က အသုံးပြုဖွယ် ရာ ရှိပါတယ်။ ဒါကတော့ သမိုင်းတစ်လျှောက် ထူးခြားတဲ့ စီရင်ချက်
တစ်ခုပါပဲ။ ဒီစီရင်ချက်ကတော့ ဈေးနှုန်းထိန်းချုပ်ရေးဥပဒေရဲ့ တန်ဖိုး ကို ပေါ်လွင်စေပါတယ်"
အမေရိကန် ခရိုင်တရားရုံးတရားသူကြီး Denise Cote ရဲ့ စီရင်ချက် ကို နယူးယောက်မှာ ဇွန်လ
အတွင်း ပြုလုပ်ခဲ့တဲ့ သုံးပတ်ကြာ အမှုရင်ဆိုင် ဖြေရှင်းမှု အပြီးမှာ ချမှတ်ပေးခဲ့ပြီး ဈေးနှုန်းသတ်
မှတ်ဖို့ ပုံနှိပ်ထုတ်ဝေသူ ကုမ္ပဏီငါးခုနဲ့ ပူးပေါင်းကြိုးပမ်း ခဲ့တဲ့ အက်ပဲလ်ဟာ အီလက်ထရွန်းနစ်
စာအုပ်တွေနဲ့ ပတ်သက်ပြီး ဈေးနှုန်း ယှဉ်ပြိုင်သတ်မှတ်တာကို အဆုံးသတ် သွားစေဖို့အတွက်
တာဝန်ရှိတယ်လို့ တရားသူကြီးက ကောက်ချက်ချခဲ့ပါ တယ်။

နစ်နာကြေးနဲ့ ပတ်သက်ပြီး နောက် တစ်ကြိမ် အမှုကြားနာမှုမှာ ဆုံးဖြတ် မယ်လို့လည်း အမိန့်ချ
မှတ်ထားပါ တယ်။ မစ်ရှီဂန်တက္ကသိုလ်က ဈေးနှုန်း ထိန်းချုပ်ရေးဥပဒေကျွမ်းကျင်သူ ဒေးဗစ်ကရိန်း
က အခုတော့ အက်ပဲလ် ဟာ ဈေးနှုန်းသတ်မှတ်ဖို့ ဩဇာလွှမ်းမိုးလို့မရအောင် ဟန့်တားခံရဖွယ်ရာ
ရှိတယ်လို့ ပြောပါတယ်။

"သီချင်း၊ ရုပ်ရှင်၊ သတင်းစာ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ ပတ်သက်ပြီး အခြေခံအားဖြင့်
အက် ပဲလ်ဟာ ဈေးနှုန်းကို ဘယ်လောက် သတ်မှတ်မယ်၊ ဘယ်နေ့ဘယ်ရက်မှာ တင်ပေးမယ်
ဆိုတာကို ဘယ်သူဆုံးဖြတ်မယ် စတဲ့ ဈေးနှုန်းသတ်မှတ်ရေးပုံစံပြန်လည်ရေးဆွဲရာမှာလည်း ပါ
ဝင်ပတ်သက်ချင်နေပါတယ်" "ဒီဖြစ်ရပ်ကတော့ အက်ပဲလ်ကို 'အွန်လိုင်းမှာ တင်ပြီးရောင်းချမယ့်
ရောင်းကုန် ထုတ်လုပ်သူ တစ်ဦးချင်းစီ နဲ့ ဆွေးနွေးညှိနှိုင်းတာထက် တခြား ဘယ်ကိစ္စတွေမှာ
မဆိုလည်း သတိထားဖို့လိုတယ်လို့' ပြောလိုက်တာပါပဲ" လို့ လည်း သူက ပြောပါတယ်။

တရားရေးဌာနကလည်း ကြားဖြတ် အမိန့်ချပေးနိုင်ဖို့နဲ့ တရားရုံးရဲ့ အမိန့်ကို စောင့်ကြည့်ပေးမယ့်
သီးခြား အဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်လို့ ပြောပါတယ်။ ပြည်နယ် ၃၃ ခုက အဖွဲ့တစ်ဖွဲ့ ကတော့ အက်ပဲလ်
ကြောင့်ဖြစ်ပေါ်လာတဲ့ နစ်နာမှုတွေကို တွက်ချက်နေကြပါတယ်။

နည်းပညာကုမ္ပဏီကြီးကို လူအုပ်စုတစ်စုက တိုင်တန်းထားတဲ့ ဒီအမှုမှာ တရားသူကြီး Cote ရဲ့
စီရင်ချက်ဟာ အထောက်အကူ ဖြစ်လာနိုင်ဖွယ်ရာ ရှိပါတယ်။ အက်ပဲလ်ကတော့ အယူခံဝင်မယ်
လို့ပြောကြားထားပြီး မမှန်ကန်တဲ့ စွပ်စွဲချက်တွေကို ဆက်လက်ပြီး ပြန်လည်ချေပသွားမယ်လို့
ပြောပါတယ်။

တရားရုံးရဲ့အမိန့်ဟာ အီလက်ထရွန်းနစ်စာအုပ် ဈေးကွက်အတွင်း အမ်မဇုန်ရဲ့ လွှမ်းမိုးထားမှုကို
အခိုင် အမာဖြစ်စေနိုင်ပြီး အွန်လိုင်းက လက်လီရောင်းမယ့် သူတွေအတွက် လည်း အက်ပဲလ်က
ပြဋ္ဌာန်းထားတဲ့ ကိုယ်စားလှယ်လုပ်ငန်းပုံစံကို ပြောင်းလဲရောင်းချလာနိုင်ဖွယ်ရာရှိတယ်လို့ ဝေဖန်
ဆန်းစစ်သူတချို့က ထောက်ပြထားပါတယ်။ "လူတိုင်းကတော့ အခုအချိန်မှာ ကိုယ်စားလှယ်လုပ်
ငန်း ပုံစံကိုပဲ သုံးနေကြပါတယ်"လို့ Endpoint Technology Associates က ကျွမ်းကျင်သူ
ရော်ဂျာကေးက ပြောပါတယ်။

အီလက်ထရွန်းနစ်စာအုပ် ဈေးကွက်ထဲ အက်ပဲလ် မရောက်လာခင် ကာလတွေမှာတော့ အမ်မဇုန်
ဟာ လက်ကားအရောင်းပုံစံကို အသုံး ပြုပြီး စာအုပ်တော်တော်များများကို လျှော့ဈေးနှုန်းထားဖြစ်
တဲ့ ၉ ဒသမ ၉၉ ဒေါ်လာနဲ့ ရောင်းချပေးနေပါတယ်။ "အမ်မဇုန်က လူတိုင်းအတွက် ကောင်းရအောင်
ကြိုးပမ်းရင်း အမြတ်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒါက ပျက်သွားပါပြီ။ ဒါပေမဲ့ ဈေးတင်
လိုက်တဲ့ဆီကနေ အမ်မဇုန်ကတော့ အမြတ်ရနေဦးမှာပါ"လို့ ကေးက ပြောပါတယ်။

အမေရိကန် အီလက်ထရွန်းနစ် စာအုပ်ဈေးကွက်အတွင်းမှာ အက်ပဲလ် က ဈေးကွက်ရှယ်ယာ ၂၀
ရာခိုင်နှုန်း ရထားတဲ့ အချိန်မှာ အမ်မဇုန်ကတော့ ဈေးကွက်ရဲ့သုံးပုံ နှစ်ပုံလောက်ကို ထိန်းချုပ်ထား
တယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ သုံးလေးနှစ်ကတော့ အမ်မဇုန်ဟာ ဈေးကွက်ရှယ်ယာ ၉၀ ရာ
ခိုင်နှုန်းရခဲ့ပါတယ်။

(အေအက်ဖ်ပီ) 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း