ဖေ့စ်ဘွတ်ခ်အသုံးပြုမှု ကန့်သတ်ထိန်းချုပ်လာမှာကို စိုးရိမ်နေကြ

ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးတစ်ခုတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦးကို ယခုလ အစောပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ - ဇာနည်ဖြိုးရန်ကုန်မြို့ရှိ အင်တာနက်ကဖေးတစ်ခုတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦးကို ယခုလ အစောပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ - ဇာနည်ဖြိုး

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့တိုင်း(မ်) မဂ္ဂဇင်းကို ပိတ်ပင်လိုက်တဲ့ကိစ္စ မဖြစ် ခင်အထိကတော့
မြန်မာ့မီဒီယာနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို လျှော့ ပေါ့ပေးလိုက်တဲ့အပြောင်းအလဲဟာ ၂၀၁၁
ခုနှစ်၊ မတ်လကတည်းကစပြီး သမ္မတဦးသိန်းစိန် ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ
အထင် ရှားဆုံးတစ်ခု ဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့ ပုံနှိပ်မီဒီယာတွေကို လွတ်လပ်မှု ပိုပေးလာတဲ့အချိန်မှာ လူမှုရေးကွန်ရက် အသုံးပြုမှု မြင့်
တက်လာတာနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ဝင်တွေဟာ သိသိသာသာကြီး အံ့ဩတုန်လှုပ်လာကြပြီး
လူမှုရေးကွန်ရက် အသုံးပြုမှုကို ထိန်းချုပ်သင့်သလား၊ စောင့်ကြည့်သင့်သလားဆိုတာကို အစိုးရ
အဖွဲ့ဝင်တချို့က မေးခွန်းထုတ်လာကြပါတယ်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား
ရင်ဆိုင် တိုက်ခိုက်မှုတွေနဲ့ မြန်မာနိုင်ငံတွင်း က ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ
ကြား အဓိကရုဏ်းတွေ အပါအ၀င် ပြည်တွင်းပဋိပက္ခတွေကို အခြေပြုပြီး အစိုးရအဖွဲ့ဝင်တွေ ခုလို
မျိုး စိုးရိမ်ပူပန်လာကြတာပဲ ဖြစ်ပါ တယ်။

အဖွဲ့အစည်းတွေနဲ့ လူတစ်ဦးချင်း စီဟာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ စလုံးကို အသုံးပြုပြီး သူတို့
အရေးကို ဖြစ်မြောက်အောင် လူမှုရေးကွန်ရက် ရဲ့ တွင်ကျယ်မှုကို အသုံးချနေကြပါတယ်။ တစ်ချိန်
တည်းမှာပဲ လူအများစုဟာလည်း ဒီပဋိပက္ခတွေနဲ့ပတ်သက် ပြီး အစိုးရရဲ့ အခန်းကဏ္ဍနဲ့ တုံ့ပြန်
ဖြေရှင်းမှုအပေါ် ပြစ်တင်ရှုံ့ချဖို့ အတွက် လူမှုရေးကွန်ရက်ကိုပဲ အသုံးချ နေကြပါတယ်။

မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်စေဖို့အတွက် ဖေ့စ်ဘွတ်ခ်ကို အသုံးချနေကြတာ ဖြစ်နိုင်ပြီး ကော
လာဟလ တွေနဲ့ အစိုးရက အမုန်းပွားစေတဲ့ စကားတွေလို့ သတ်မှတ်ထားတဲ့ အရေးအသားတွေ
ကို နိုင်ငံတ၀န်း အလွယ်တကူ ပျံ့သွားစေတဲ့နည်းနဲ့ ဖေ့စ်ဘွတ်ခ်ဟာ တစ်နိုင်ငံလုံးကို 'ယမ်းမှုန့်'တွေ
ဖြန်းနေသလို ဖြစ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က လူမှုရေး ကွန်
ရက်အသုံးပြုမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း