ရွှေတိဂုံစေတီ၏ ထင်ရှားသောနေရာများကို ရှင်းပြပေးနိုင်မည့် အက်ပလီကေးရှင်း ဖန်တီးလျက်ရှိ

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ မဟာသိပ္ပံကျောင်းသား ကျောင်းသူ ၁၈ ဦးခန့်သည်
Shwedagon Audio Guide Application ကို ဖန်တီးရေးဆွဲနေလျက်ရှိပြီး အဆိုပါ မိုဘိုင်း
ဆော့ဖ်ဝဲကို အပြီးသတ်ရေးဆွဲပြီးပါက ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမျှော်ကြသော ပြည်တွင်း
ပြည်ပမှ ဧည့်သည်များအားလုံးကို အခမဲ့ဖြန်ချိသွား မည်ဟု သိရသည်။

အဆိုပါ မိုဘိုင်းဆော့ဖ်ဝဲလ်တွင် ရွှေတိဂုံစေတီတော်ပေါ်ရှိ ထင်ရှားသော ၄၇ နေရာကို ရှင်းလင်း
ပေးထားသော အသံနှင့်စာများ ထည့်သွင်းမည်ဖြစ်ပြီး လက်ရှိတွင် ထူးခြားသောနေရာ ကိုးနေရာ
ကို ထည့်သွင်းပြီးဖြစ်ကြောင်း ဆော့ဖ်ဝဲဖန်တီးသူ ကျောင်းသူတစ်ဦး၏ ပြောကြားချက်အရ
သိရသည်။

ထိုဆော့ဖ်ဝဲလ်ကို အန်းဒရိုက် ဗားရှင်းဖြင့် Google Play သို့ ရောင်းချနိုင်သည် အထိ ရေးဆွဲနေ
ကြောင်း လည်း ပြိုင်ပွဲဖွင့်ပွဲတွင် ထိုင်းနိုင်ငံ Sripatum တက္ကသိုလ်မှ လာရောက် သင်တန်းပို့ချ
သူ Dr. Pilastpung Subsermsr က ပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း