မိုင်းရှုးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ၏ နေ့လည် ၁ နာရီမတိုင်မီ အခြေအနေ

မိုင်းရှုးမြို့နယ်တွင် နေ့လည် ၁၂ နာရီခွဲအချိန်ထိ ဆန္ဒမဲပေးလျက် ရှိနေကြပြီး နိုင်ငံရေးပါတီ
အချို့ကလည်း နံနက်ပိုင်း တွေ့ရှိချက်များကို အခြေခံကာ တရားဝင်ကန့်ကွက်မှုများ ပြုလုပ်သွားရန်
စီစဉ်နေသည်ဟု ယင်းပါတီများထံမှ သိရသည်။

» အပြည့်အစုံသို့

ကျေးသီးရှိ ၀မ်ဟိုင်းမဲရုံတွင် ကိုယ်စားမဲပေးမှုများ ရှိနေသည့်အတွက် NLD ကန့်ကွက်ထား

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်
(တောင်ပိုင်း) ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ၀မ်ဟိုင်းကျေးရွာရှိ မဲရုံများတွင်
ကိုယ်စားမဲပေးမှုများ ဖြစ်ပေါ်နေသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က
ကန့်ကွက်ထားသည်ဟု ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) အင်န်အယ်ဒီလွှတ်တော်
ကိုယ်စားလှယ်လောင်း ဦးစိုင်းဆိုင်လင်းက ပြောသည်။

» အပြည့်အစုံသို့

လှိုင်သာယာတွင် ကိုယ်စားမဲ ၃ ကြိမ်အထိ ပေးခဲ့သူ ၂ ဦးနှင့် စေခိုင်းခဲ့သူ ၁ ဦးအား ဖမ်းဆီး

လှိုင်သာယာမြို့နယ်၊ ၁၂ ရပ်ကွက်ရှိ မဲရုံတစ်ခုတွင် ဆန္ဒမဲ (၃)ကြိမ်ခန့်ထိ ပေးခဲ့မှုဖြစ်ပွားခဲ့ပြီး
မဲပေးခဲ့သူ (၂)ဦးနှင့် စေခိုင်းခဲ့သူ (၁)ဦးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း မြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်မှ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးလှိုင်မြင့်ထွန်းက မြန်မာတိုင်း(မ်)ကို အတည်ပြုပြောသည်။

» အပြည့်အစုံသို့

စီးပွားကူးသန်းဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဟောင်းတို့ လှိုင်သာယာတွင် မဲပေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် နိုင်ငံတော်၏
အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဟောင်းဖြစ်သူ
ဦးကြည်ဝင်းတို့က လှိုင်သာယာမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊
FMI အိမ်ယာဝင်းအတွင်းရှိ ချမ်းမြေ့ဘုန်းကြီးကျောင်း မဲရုံတွင်
ဧပြီလ ၁ ရက်နေ့ နံနက်က ဆန္ဒမဲ လာရောက်ပေးခဲ့ကြသည်။

» အပြည့်အစုံသို့

အမ်းမြို့ကြားဖြတ်ရွေးကောက်ပွဲ စိတ်ဝင်စားမှု အားနည်း

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲဟာ
နိုင်ငံရေးအရ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အခြေအနေမှာ
ရှိနေပေမယ့် လာရောက်မဲပေးကြသူတွေရဲ့
အခြေအနေကတော့ စိတ်ဝင်စားမှု အားနည်းတာကို
တွေ့ရပါတယ်။

» အပြည့်အစုံသို့

ကော့မှူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၉ ဦး ယှဉ်ပြိုင်

ကြားဖြတ် ရွေးကောက်ပွဲတွင် ပါတီ ကိုယ်စားပြု
ကိုယ်စားလှယ်လောင်း ၇ ဦး နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်
၂ ဦး တို့သည် ကော့မှူးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

» အပြည့်အစုံသို့

အင်န်အယ်လ်ဒီပဲ အနိုင်ရမှာပါ

ဦးကျော်ဆွေဝင်း (ခ) အာလူး
အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

"အခု မဲရုံ ၁၀ ရုံလောက်တော့ ပတ်ကြည့်ပြီးသွားပါပြီ။
ခုထိတော့ လာပေးတဲ့သူ နည်းနေသေးတယ်။ တစ်နေရာ
အတွက်ပဲ ပေးရမယ်ဆိုတော့ စ်တ်အေးနေကြတယ်
ထင်တယ်။ ရလဒ်ကတော့ စောသေးလို့ ...

» အပြည့်အစုံသို့

အသက်မပြည့်သည့် ကလေးတစ်ဦး မဲပေးမှုဖြစ်ပွား

ဒဂုံမြို့သစ် အရှေ့ပိုင်း၊ အမက (၄)၊ မဲရုံအမှတ် (၃)တွင် အသက်မပြည့်သည့် ကလေးတစ်ဦး မဲပေးမှု
ဖြစ်ပွားခဲ့သည်။

» အပြည့်အစုံသို့

မိုင်းရှူးမြို့နယ်တွင်းရှိ မဲရုံအချို့ ဖွင့်ချိန် နောက်ကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ မဲရုံများတွင် ဆန္ဒမဲပေးသူ
အများအပြား လာရောက်မဲပေးလျက် ရှိသော်လည်း
နံနက် ၇ နာရီခွဲအထိ မဲရုံမဖွင့်နိုင်သည့် အခြေအနေများ
ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

» အပြည့်အစုံသို့

အမ်းမှာ အင်န်အယ်ဒီကိုယ်စားလှယ်လောင်းမဲပေး

ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် အမ်းမဲဆနနယ်မှာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းမြင့်က ယနေ့ နံနက်
၆ နာရီခွဲက ဈေးရပ်ကွက်တောင်ပိုင်း အမှတ်ငါး မဲရုံမှာ
လာရောက်မဲပေးခဲ့ပါတယ်။

» အပြည့်အစုံသို့