ရှုံးဖို့ လုံးဝ မတွေးထားဘူး

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဦးကျော်ဇင်ဟိန်း
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဘက် ဖြစ်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီမှ ဦးကျော်ဇင်ဟိန်းက
ယခု ကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးလိမ့်မည်ဟု လုံးဝ မစဉ်းစားထားကြောင်း
ပြောသည်။

"၂၀၁၅ တုန်းကတောင် ဒေါ်အောင်ဆန်းစုကြည်ကို မနိုင်မှန်းသိသိနဲ့ ကျွန်တော် သတ္တိရှိရှိ
ဝင်ပြိုင်ခဲ့သေးတာပဲ။ အဲဒီတုန်းကတောင် ကျွန်တော် ဒုတိယ မဲအများဆုံး ရခဲ့တယ်။ ဒီတစ်ခါတော့
ကျွန်တော် နိုင်မယ်လို့ပဲ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က ဒီနယ်သား ဒီမှာပဲ
နေတယ်။ ရပ်ရွာအကျိုးလည်း တစိုက်မတ်မတ် လုပ်တဲ့သူ။ ဆရာအာလူး (ဦးကျော်ဆွေဝင်း)တောင်
ဒီမြို့နဲ့ ကင်းကွာနေတာ ၁၅ နှစ် လောက်ရှိနေပြီ" ဟု ကော့မှူးမြို့နယ်၊ ပြည်တော်သာကျေးရွာ
မူလတန်းလွန်ကျောင်းရှိ မဲရုံသို့ လာရောက်လည်ပတ်စဉ် ဦးကျော်ဇင်ဟိန်းက ပြောသည်။

ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ကိုယ်စားပြု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ် လောင်း ၇ ဦး နှင့်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။