ကြားဖြတ်ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်များ စိတ်ဝင်စားမှု နည်းပါးဟု NLD ကိုယ်စားလှယ်လောင်းဆို

ဧပြီလ ၁ ရက်တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရပ်ကွက်(၁) နှင့် ရပ်ကွက်(၂) တွင် နေထိုင်သူများက အ.မ.က(၄) မဲရုံတွင် လာရောက်မဲပေးနေကြသည်ကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)ဧပြီလ ၁ ရက်တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရပ်ကွက်(၁) နှင့် ရပ်ကွက်(၂) တွင် နေထိုင်သူများက အ.မ.က(၄) မဲရုံတွင် လာရောက်မဲပေးနေကြသည်ကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် ဒဂုံမြို့သစ် (အရှေ့ဒဂုံ) မြို့နယ်တွင်၊ မဲဆန္ဒရှင်များ
ကြားဖြတ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးကြောင်း ဒဂုံမြို့သစ် (အရှေ့)မဲဆန္ဒနယ်မှ
NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေကျော်က ပြောသည်။

ယနေ့ မွန်းလွဲ ၁၂နာရီခွဲခန့်တွင် ဒဂုံမြို့သစ် (အရှေ့)၊ ရပ်ကွက် ၅ ရှိ မဲရုံများသို့ လာရောက်
လည်ပတ်စဉ်တွင် ၎င်းက ပြောကြားခဲ့သည်။

"မြို့တွင်းပိုင်းလို့ သတ်မှတ်လို့ရတဲ့ ဒီဘက်ကျတော့ မဲထည့်သူက ၄ ပုံ ၁ ပုံပဲ ရှိတယ်။
ကျန်တဲ့နေရာတွေကျတော့ မဲပေးပြီးတာလည်း ရှိပါတယ်။ လူထုစိတ်ဝင်စားမှု နည်းတယ်လို့တော့
လောလောဆယ် သုံးသပ်လို့ ရပါတယ်"ဟု ၎င်းက ပြောသည်။

မဲပေးမည့်နေ့တွင်မှ မဲစာရင်းတွင် အမည်မပါရှိ၍ ၎င်းထံ လာရောက်မေးမြန်းသည့် မဲဆန္ဒရှင်အချို့ကို
ကော်မရှင်ထံသို့သာ သွားရောက်မေးမြန်းရန် ပြောကြားခဲ့ရသည်ဟု ၎င်းက ပြောသည်။

ဒဂုံမြို့သစ် (အရှေ့)တွင် ရပ်ကွက်ပေါင်း ၃၀ကျော်ရှိပြီး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တစ်သိန်းခန့်ရှိသည်။

ယင်းမဲဆန္ဒနယ်သည် ယခု နေပြည်တော်ကောင်စီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့်
ဒေါက်တာမျိုးအောင်၏ မဲဆန္ဒနယ် ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။