ရခိုင်ပြည်နယ်၊ အမ်းမြို့မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲ ရလဒ်များ စတင်ရေတွက်ရန် ပြင်ဆင်နေ

ဓာတ်ပုံ - နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)ဓာတ်ပုံ - နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)ရခိုင်ပြည်နယ်၊ အမ်းမြို့မဲဆန္ဒနယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲ
ရလဒ်များကို စတင်ရေတွက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်မယ်လို့ ထင်ရပေမယ့် ဒေသခံပြည်သူတွေရဲ့စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့်
မဲရုံ ပရဝဏ် ပိတ်တဲ့ ညနေ ၄ နာရီအချိန်ထိ အမ်းမြို့ရှိ မဲပေးခွင့်ရှိသူ အရေအတွက်ရဲ့ ထက်ဝက်
လောက်တောင် လာရောက်မဲပေးခဲ့ခြင်း မရှိဘူးလို့ မဲရုံစောင့်ကြည့်ရေး ကိုယ်စားလှယ်တချို့က ပြော
ပါတယ်။

''နေ့လယ် တစ်နာရီလောက်ထဲက ဘယ်သူမှ မလာတော့ဘူး။ မဲပေးခွင့် ၄၁၀မှာ ၂၀၀ ကျော်လောက်
ပဲ ခုထိပေးရသေးတယ်''လို့ အမ်းတောင်ကျေးရွာအုပ်စု မဲရုံအမှတ် ၂ မဲရုံမှူး ဦးသန်းဌေးက ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်မှုအရ ညနေ ၄ နာရီ မဲရုံ ပရဝဏ်ပိတ်ချိန်ထိ မဲလာပေးသူမရှိတာ
ကြောင့် မဲရုံပိတ်ပြီး မြို့နယ်ကော်မရှင်ကို မဲလာအပ်နှံပြီးတဲ့ မဲရုံ ၁၂ ရုံနဲ့  ကြိုတင်မဲ အရေအတွက် ၁၀၄၄
မဲ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် အမ်းမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
ဦးဇော်ဝင်းမြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ဦးသောင်းငြိမ်း၊ ရခိုင်အမျိုးသားပါတီက
ဒေါက်တာအေးမောင်နဲ့ တစ်ဦးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်တို့ ဝင်ရောက်ယှဉ်ပြိုင်
ထားကြတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။