တရားရုံးအတွင်း ဓါတ်ဆီလောင်း မီးရှို့ရန်အားထုတ်သူ အမျိုးသမီးကိုအရေးယူ

မြောက်ဥက္ကလာပမြို့နယ်ရှိ တရားရုံးအတွင်း ဓါတ်ဆီလောင်း မီးရှို့ရန်အားထုတ်သူ အမျိုးသမီးကို
သက်ဆိုင်ရာက ဧပြီ ၂၄ ရက်နေ့ တွင် အမှုဖွင့် အရေးယူထားသည်။

» အပြည့်အစုံသို့

တရားရုံးတွင် အိမ်သာကိုဖျက်ဆီးကာထွက်ပြေးသည့် အချုပ်သားတစ်ဦးကို ပြန်လည်ဖမ်းမိ

ဗဟန်းမြို့နယ် တရားရုံးတွင် အချုပ်သားတစ်ဦး အိမ်သာကိုဖျက်ဆီးကာထွက်ပြေးသွားခဲ့မှုကို
သက်ဆိုင်ရာက ဧပြီ ၂၄ ရက်နေ့ ညပိုင်းတွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

» အပြည့်အစုံသို့

မန္တလေးကျုံးအတွင်းသို့ အမျိုးသမီးတစ်ဦး လသားအရွယ် ကလေးငယ်ချီလျက်ခုန်ချသေဆုံး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀၊ ၁၃ လမ်းနှင့် ၁၄ လမ်းကြားတွင် ဧပြီလ၂၁ ရက်နေ့
နေ့လယ် ၁နာရီအချိန်ခန့်က ကျုံးရေပြင်အတွင်းသို့ အမျိုးသမီးတစ်ဦး လသားအရွယ်ကလေးငယ်ကို
ချီလျက် ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့သည်။

» အပြည့်အစုံသို့

တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ်ပို့ဆောင်ရန် ကြိုးပမ်းခဲ့သူဆိုသူများကို အရေးယူ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ပို့ဆောင်ရန် ကြိုးပမ်းခဲ့သူ
ဆိုသူများကို သက်ဆိုင်ရာက ဧပြီလ ၅ ရက်နေ့ တွင် အမှုဖွင့်အရေးယူထားသည်။

» အပြည့်အစုံသို့

အချုပ်သားတစ်ဦး အင်အားချည့်နှဲသေဆုံးခဲ့

အင်းစိန်မြို့နယ်တွင် အချုပ်သားတစ်ဦး အင်အားချည့်နှဲသေဆုံး ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက
ဧပြီလ ၄ ရက်နေ့ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။ အဆိုပါနေ့ ည ၇ နာရီအချိန်ခန့်တွင်
အင်းစိန်ဆေးရုံသို့ အချုပ်သားအမျိုးသားတစ်ဦး သေဆုံး ရောက်ရှိနေကြောင်း သတင်းအရ ဒုရဲမှူး
တင်ဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

» အပြည့်အစုံသို့

လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသူ တရားခံပြေးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

တာမွေမြို့နယ်တွင် လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုသူ တရားခံပြေး တစ်ဦးကို ဧပြီလ ၁ ရက်နေ့တွင်
သက်ဆိုင်ရာက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

» အပြည့်အစုံသို့

ခွဲစိတ်​ကုသရန်​ ထားရှိသည့်​ အမျိုးသားတစ်​ဦး ​ဆေးရုံမှ ထွက်​​ပြေးစဉ်​​ သေဆုံးခဲ့

လသာမြို့နယ်တွင် ခွဲစိတ်ကုသရန် ထားရှိသည့် အမျိုးသားတစ်ဦး ဆေးရုံမှ ထွက်ပြေးစဉ်
သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဧပြီ ၂ ရက်နေ့တွင် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်
ရှိသည်။

» အပြည့်အစုံသို့

ဦးေ​လး​တော်သူ​​က သားမယားပြုကျင့်​ခဲ့မှု ဖြစ်​ပွား

ခရမ်းမြို့နယ်တွင် ဦးလေးတော်သူက သားမယားပြုကျင့်ခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက
ဧပြီလ ၁ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။

» အပြည့်အစုံသို့

၃ လွှာမှ လက်​သမားတစ်​ဦး ငြမ်း​ထောက်​ပြုတ်​ကျ​သေဆုံးခဲ့

လှိုင်မြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် ၃ လွှာမှ လက်သမားတစ်ဦး ငြမ်းထောက်ပြုတ်ကျ
သေဆုံးခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက ဧပြီလ ၂ ရက်နေ့ တွင် အမှုဖွင့်အစစ်ဆေးလျက်ရှိသည်။

» အပြည့်အစုံသို့

လင်​မယားစကား များရန်​ဖြစ်​ပြီး​နောက်​ ခင်​ပွန်း​ဖြစ်​သူ ဒဏ်​ရာများဖြင် သေဆုံးခဲ့

ထောက်ကြန့်မြို့နယ်တွင် လင်မယားစကား များရန်ဖြစ်ပြီးနောက် ခင်ပွန်းဖြစ်သူ ဒဏ်ရာများဖြင့်
သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဧပြီ ၃ ရက်နေ့က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

» အပြည့်အစုံသို့

နေအိမ်တိုက်ခန်းတွင်း အမျိုးသားတစ်ဦး ပုတ်ပွသေဆုံးနေ

တာမွေမြို့နယ်တွင် နေအိမ်တိုက်ခန်းတွင်း အမျိုးသားတစ်ဦး ပုတ်ပွသေဆုံးခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက ဧပြီ ၂ ၇က်နေ့ တွင် သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။

» အပြည့်အစုံသို့

အငှားယာဉ်မောင်းကို ထိုးကြိတ် လုယက်ခဲ့သည် ဆိုသူများကို စုံစမ်း

လှိုင်သာယာမြို့နယ်တွင် အငှားယာဉ်မောင်းကို ထိုးကြိတ်လုယက်ခဲ့သည်ဆိုသူများကို
သက်ဆိုင်ရာက မတ် ၂၆ ရက်တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - မှုခင်းသတင်းတိုများ