ခုံခံအားကျဆင်းမှုရောဂါခံစားနေရသူတစ်ဦး ဆွဲကြိုးချသေဆုံး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ခုံခံအားကျဆင်းမှုရောဂါခံစားနေရသူတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက မေလ ၈ ရက်နေ့က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင်
အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်းသတင်းအရ ဒုရဲအုပ်ချစ်စုဝေမြင့်နှင့်အဖွဲ့က
သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အမြင့် ၆ ပေခန့်ရှိ
နေအိမ်ထုတ်တန်းတွင် ပလက်စတစ်ကြိုးကို အသုံးပြုကာ ဆွဲကြိုးချကာ ကြိုးပြတ်မှောက်လျက်
သေဆုံးနေသည်ကို တွေ့ရသည်။

သေဆုံးသူနှင့်ပတ်သက်၍ စုံစမ်းရာ ခုခံအားကျဆင်းမှုရောဂါခံစားနေပြီး ဆေးဝါးကုသကာ
မိသားစုနှင့် ကွဲကွာ၍ တစ်ဦးတည်း သီးခြားနေထိုင်သူဖြစ်ကြောင်း သိရသည်။

အလောင်းကို သင်္ဃန်းကျွန်းစံပြ ဆေးရုံသို့ ပို့အပ်ပြီး ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းက
သေမှုသေခင်းအမှတ်စဉ် ၁၄ /၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။