အရက်မူးပြီး ရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့မှုကို သေမှုသေခင်းဖွင့်လှစ်စစ်ဆေး

ကြည့်မြင်တိုင်မြို့နယ်တွင် အရက်မူးပြီး ရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့မှုကို သက်ဆိုင်ရာက
ဇူလိုင်လ ၁၅ ရက်နေ့တွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးခဲ့သည်။

အဆိုပါနေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ် စက်ဆန်းရပ်ကွက်
စက်သမ္မာန်ဆိပ်ကမ်း၌ အမျိုးသား အလောင်းပေါ်နေကြောင်း သတင်းအရ ဆိပ်ကမ်းမြို့မ
ရဲစခန်းမှူး ဒုရဲမှူး တင်ထွန်းနှင့်အဖွဲ့ ကသွားရောက် စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ စက်ဆန်းရပ်ကွက်နေ အသက်၂၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့
ည ၉ နာရီအချိန်ခန့်တွင် အရက်သောက်ပြီး မြစ်အတွင်းရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။

အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ် ၀၂၄ ဖြင့်လက်ခံထားပြီး၊ ဆိပ်ကမ်းမြို့မရဲစခန်းက
သေမှုသေခင်း အမှတ်စဉ် ၃၅/၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ