ကွာရှင်းပြတ်စဲထားသူ ခင်ပွန်းက ဇနီးနှင့် ယောက္ခမတို့ကို ဓါးဖြင့်ခုတ်ခဲ့

 

တာမွေမြို့နယ်တွင် ကွာရှင်းပြတ်စဲထားသူ ခင်ပွန်းက ဇနီးနှင့် ယောက္ခမတို့ကို ဓါးဖြင့်ခုတ်ခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက ဇူလိုင်လ ၁၈ ရက်နေ့ တွင် အမှုဖွင့်အရေးယူထားသည်။

အဆိုပါနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်နေ ကိုညီညီမင်း နေအိမ်တွင်ရှိနေစဉ်
တာမွေဈေးဟောင်းလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ဈေးရောင်းနေသူ မိခင်ဖြစ်သူ
နှင့် အစ်မဖြစ်သူတို့ ဓါးခုတ်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင် ရောက်နေကြောင်း ဆိုင်ပိုင်ရှင်က
ဖုန်းဖြင့်ဆက်သွယ်သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ မိခင်ဖြစ်သူတွင် ယာပေါင်ပြတ်ရှ၊
ယာလက်မောင်းပြတ်ရှဒဏ်ရာနှင့် အစ်မဖြစ်သူတွင် ရင်ဘက်ယာ ဘက်ခြမ်းပြတ်ရှ၊၀ဲလက်ဖမိုးပြတ်ရှ၊
ဝဲလက်ခလယ်ပြတ်ရှ၊ ယာလက်ဖျံပြတ်ရှ၊ ရင်ဘက်ယာဘက်ခြမ်းပြတ်ရှဒဏ်ရာများရရှိပြီး
အသီးသီးကုသမှုခံယူနေကြောင်း တွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် အစ်မဖြစ်သူ ဇင်မာထွန်းနှင့်
တရားဝင်ကွာရှင်းပြတ်စဲထားသည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ ခင်ပွန်းဟောင်း လှမျိုး(၃၄ နှစ်)
ရောက်ရှိလာပြီး စကားများရန်ဖြစ် စဉ် ၎င်းတို့ နှစ်ဦးကို ဓါးဖြင့်ခုတ်ခဲ့သဖြင့် ရရှိခဲ့သည့်
ဒဏ်ရာဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

တာမွေမြို့မရဲစခန်းက(ပ)၅၅၂/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အရ အမှုဖွင့်
စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ