ဆေးကြောင်ကြောင်နေသည့် သားဖြစ်သူက ထွက်ကြိုနေသည့် မိခင်ကို ဓါးဖြင့် ထိုးခဲ့

အင်းစိန်မြို့နယ်တွင် ဆေးကြောင်ကြောင်နေသည့် သားဖြစ်သူက ထွက်ကြိုနေသည့် မိခင်ကို
ဓါးဖြင့် ထိုးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇူလိုင်လ ၂၉ ရက်နေ့တွင် အမှုဖွင့် စစ်ဆေးခဲ့သည်။

အဆိုပါနေ့ ည ၁၂ နာရီခွဲ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်နေ
အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်၌ရှိနေစဉ် မှော်ဘီမြို့နယ်တွင်
ကျောင်းသွားတက်ရောက်သည့် သားဖြစ်သူ နေမင်းထက် (၁၉ နှစ်)အိမ်သို့ ပြန်လာမည်ဟု
ဖုန်းဆက်အကြောင်းကြားသဖြင့် နေအိမ်ရှေ့တွင် ထွက်ကြိုနေခဲ့သည်။

သားဖြစ်သူနှင့် သူငယ်ချင်း မင်းပြည့်စုံ (၁၈ နှစ်)တို့ ရောက်လာပြီး ၎င်းင်းတို့နှစ်ဦး ဆေးကြောင်၍
ထွက်ကြိုနေသည့် မိခင်ကို ဓါးဖြင့် ထိုးခဲ့ကြကြောင်း တိုင်တန်းချက်တွင်ပါရှိသည်။

မိခင်ဖြစ်သူတွင် ၀မ်းဗိုက်ဝဲ-ယာ၊ ထိုးသွင်းဒဏ်ရာ တစ်ချက်စီရရှိခဲ့ပြီး သွေးများဖြင့်လဲနေသည်ကို
တွေ့ရသဖြင့် ဖခင်ဖြစ်သူက ထိုလူငယ်နှစ်ဦးကို ၀င်ရောက်လုံးထွေး၊ ထိုးကြိတ်ခဲ့ရာ
ဝဲလက်ကောက်ဝတ်ပြတ်ရှ၊ ဦးခေါင်းဝဲဘက်ခြမ်း ပေါက်ပြဲ၊ ၀မ်းဗိုက်ဝဲဘက်ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့၍
အင်းစိန် ဆေးရုံတွင် အသီးသီးတက်ရောက်ကုသခဲ့ရသောကြောင့် သားဖြစ်သူ နေမင်းထက်နှင့်
၎င်း၏ သူငယ်ချင်း မင်းပြည့်စုံ တို့ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

အင်းစိန်မြို့မရဲစခန်း (ပ)၁၅၄၈/၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်
အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ