MP3 အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်

MP3 အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်စဉ် တစ်ခု မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဖြစ်ပွားခဲ့ပြီး နှစ်ထပ်အဆောက်အဦး
တစ်လုံး၏ အတွင်း ပိုင်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်၊ အပိုင်း(၄)၊ ပြည်လမ်း၊ အိမ်အမှတ်(၂၉၄)ရှိ
တံခွန် ထမင်းဆိုင်တွင် ယခုလ ၉ ရက်နေ့ နံနက် (၁)နာရီ (၅၅)မိနစ်အချိန်ခန့် က
အမ်ပီသရီးဘက္ထရီအား သွင်းထားရာမှ အပူလွန်ကဲပြီး အုတ်ညှပ်၊ သွပ်မိုး၊ နှစ်ထပ်
အဆောက်အဦတစ်လုံး၏ အတွင်းပိုင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ၏
မှတ်တမ်းများအရ သိရသည်။

မီးလောင်မှုဖြစ်ပွားစဉ်အတွင်း အဆိုပါဈေးဆိုင်တွင် အလုပ်လုပ်ကိုင်ပြီး ညအိပ်နေထိုင်သူ
(၄)ဦးအနက် အမျိုးသမီးတစ် ဦးမှာ နေအိမ်အပေါ်ထပ်ပြတင်းပေါက်မှ ခုန်ချစဉ် ခါးနာ ဒဏ်ရာ
(မစိုးရိမ်ရ) ရရှိကာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေး ကုသမှုခံယူလျက်ရှိပြီး အခြားလူနေအိမ်၊
အဆောက်အဦ များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့်
ဆုံးရှုံးမှုတန်ဖိုးငွေကျပ်လေးသိန်း ခွဲခန့်ဆုံးရှုံးခဲ့ရပြီး အဆိုပါဈေးဆိုင် ပိုင်ရှင် အားတောင်တွင်းကြီး
မြို့မရဲတပ်ဖွဲ့စခန်း (ပ) ၁၂၄၂/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၈၅ အရ အမှုတွဲ ဖွင့်လှစ်
အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ