ခရီးသည်အမျိုးသမီးထံမှ ငွေနှိုက်ယူသူ လေးဦးကို ဖမ်းမိ

 

လှိုင်သာယာမြို့နယ်တွင် ခရီးသည်အမျိုးသမီးထံမှ ငွေနှိုက်ယူသူလေးဦးကို သက်ဆိုင်ရာက
စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင်
လှိုင်မြို့နယ်နေ အမျိုးသမီးတစ်ဦးသည် လှိုင်သာယာမြို့နယ်နေ အဒေါ်ဖြစ်သူထံသွားရောက်ရန်
သမိုင်းလမ်းဆုံမှ အမှတ် ၁၂၁ ခရီးသည်တင်ယာဉ် ကို မက်တပ်ရပ်လျက်စီးနင်းလိုက်ပါခဲ့သည်။

လှိုင်သာယာစက်မှုဇုန်ကားမှတ်တိုင်အနီးအရောက် အမည်မသိလူလေးဦးက ၎င်း၏ ဂျိုင်းတွင်
လွယ်ထားသည့် သားရေအိတ် အတွင်းမှငွေကျပ် ၂၀၀၀၀ ကို နှိုက်ယူကာ ကားပေါ်မှ
ဆင်းပြေးသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိလူများနှင့်လှည့်ကင်းဆောင်ရွက်နေသူ ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ
လှိုင်သာယာမြို့နယ်နေ စိုးမိုးအောင်(၂၀ နှစ်)၊ ဌေးဝင်းရှိန်(၂၀ နှစ်)၊ ကျော်လွင်(၂၉ နှစ်)၊နှင့်
အိအိခိုင်(၂၅ နှစ်)တို့ကို ဖမ်းဆီးရမိခဲ့ပြီးအရေးယူပေးရန်တိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းက(ပ) ၂၀၇၄/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့်
စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ