ဆိုင်ကယ်ကယ်ရီသမားနှင့်အပေါင်းပါတို့က ခရီးသည်အမျိုးသားကို ချွန်ထက်သည့်အရာဖြင့်ထိုးခဲ့

မင်္ဂလာဒုံမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားနှင့်အပေါင်းပါတို့က ငွေတောင်းသည့် ကိစ္စစကားများ
ရန်ဖြစ်စဉ် ၀ိုင်းဝန်းရိုက်နှက်ခဲ့သည်ဆိုမှု နိုဝင်ဘာလ ၅ ရက်နေ့ ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၇ နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နေ ခရီးသည်အမျိုးသား
တစ်ဦးသည် မြ၀တီမြို့မှ ပြန်လာရာ ညနေ ၆ နာရီ ခွဲအချိန်ခန့်တွင် အောင်မင်္ဂလာ
အဝေးပြေးသို့ရောက်ရှိခဲ့သည်။

ဆိုင်ကယ်ကယ်ရီကို ငွေကျပ် ၅၀၀၀ ဖြင့် လှိုင်သာယာသို့ ငှားရမ်းစဉ် ဆိုင်ကယ်မောင်းသူနှင့်
၎င်း၏ အဖော်ဖြစ်သူ အမျိုးသားတစ်ဦး(စုံစမ်းဆဲ)တို့ လည်း လိုက်ပါခဲ့သည်။

ဘီယာဆိုင် တစ်ဆိုင်တွင် အတူဘီယာသောက်ခဲ့ပြီး ဆက်လက်ထွက်ခွာလာစဉ် ကယ်ရီမောင်းနှင်သူ
(စုံစမ်းဆဲ)က ငွေကျပ် ၁၅၀၀၀ ပေးရမည်ဟုတောင်းသဖြင့် စကားများခဲ့ရာ ၎င်းတို့နှစ်ဦးက
ဝိုင်းဝန်းထိုးကြိတ်စဉ် အချွန်ဖြင့်ထိုးခဲ့သောကြောင့် ခရီးသည်အမျိုးသားတွင် လည်ပင်းယာဘက်
ဝဲနားထင်တို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့စဉ် ၎င်းတို့နှစ်ဦးမှာထွက်ပြေးသွားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိကာ မြောက်ဥက္ကလာပဆေးရုံကြီးတွင်ကုသ ရသောကြောင့်အရေးယူပေးရန်
တိုင်ကြားခဲ့သည်။

ထောက်ကြန့် နယ်မြေရဲစခန်းက(ပ)၃၂၆/၄၀၃/၁၁၄ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ