လူသတ်မှုကျူးလွန်သူ ဗြိတိန်နိုင်ငံသား ဖမ်းဆီးမိရေး နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်မြို့လယ်၌ နိုဝင်ဘာ ၅ ရက်က ဗြိတိန်နိုင်ငံသားတစ်ဦးကို သတ်ဖြတ်ကာ နိုင်ငံအတွင်းမှ
ထွက်ခွာသွားသော ဗြိတိန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာရဲတပ်ဖွဲ့နှင့်
ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကျောက်တံတားမြို့နယ် ၃၉ လမ်း အမှတ် ၁၆၀ ပထမထပ်တွင် Horizon ကျောင်း၏ သင်ကြားရေး
ဆရာဖြစ်သော သာကေတမြို့နယ်နေ ဗြိတိန်နိုင်ငံခြားသား Mr. Peter Gray Ferguson ကို
၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော အဆိုပါကျောင်း၏ ကျောင်းဆရာ ဗြိတိန်နိုင်ငံသား
Mr. Harris John Binotti က နှစ်ဦးအချင်းများရာမှ သတ်သွားခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က
ယူဆထားသည်။

ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးကလည်း သေဆုံးသူ၏ မိသားစုကို ကူညီထောက်ပံ့မှုများ ပေးနေသည့်အပြင်
တရားခံဖမ်းဆီးမိရေးအတွက်လည်း အစိုးရနှင့် နီးကပ်စွာ ကူညီပူးပေါင်းဆောင်ရွက်ပေးနေသည်ဟု
သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာတိုင်း(မ်)ကိုပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ