ဆိုင်ကယ်မောင်းနှင်သူ အရှိန်လွန်ကာ သစ်ပင်ဖြင့် တိုက်မိသေဆုံး

ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်သူ အရှိန်လွန်ကာ သစ်ပင်ဖြင့် တိုက်မိသေဆုံးခဲ့မှုကို
သက်ဆိုင်ရာက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ဒဂုံမြောက်ပိုင်းမြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းအတိုင်း
ဘုရင့်နောင်လမ်းဘက်သို့ ယာဉ်မောင်း မိုးဝင်း(စုံစမ်းဆဲ) မောင်းနှင်သည့် ဆိုင်ကယ်သည်
အရှိန်လွန်ကာ လမ်းတစ်ဖက်သို့ရောက်ရှိသွားပြီး၊ လမ်းအစပ်ရှိ သစ်ပင်ကို ၀င်ရောက်တိုက်မိခဲ့သည်။

ဆိုင်ကယ်မောင်းနှင်သူတွင် မျက်နှာပြား၊၀ဲလက်ကောက်ဝတ် ပွန်း၊ ယာခါးပွန်းဒဏ်ရာများရှိကာ
အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ဆိုင်ကယ်နောက် ထိုင်စီးသူ မင်းခန့်အောင် (၂၅ နှစ်)တွင် ဦးခေါင်းနောက်စေ့ဖူးရောင်၊ ၀ဲနားသွေးထွက်
ဒဏ်ရာများရရှိပြီး မြောက်ဥက္ကလာပဆေးရုံ သို့တင်ပို့ကုသခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကို ဒဂုံမြောက်ပိုင်းမြို့မရဲစခန်းကယာဉ်(ပ)၆၆/၁၆ ရာဇသတ်ကြီး
ဥပဒေပုဒ်မ ၃၀၄ က/၃၃၈/၂၇၉ အရ အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ