စက်ဆန်းကုန်ရုံအနီး ဖဲလောင်းကစား ပြုလုပ်သူများကို ဖမ်းမိ

မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းကုန်ရုံအနီး ဖဲလောင်းကစားပြုလုပ်သူများကို သက်ဆိုင်ရာက
ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းကုန်ရုံအနီး
အုတ်နံရံဘေးကွပ်ပျစ်ပေါ်တွင် ဖဲရိုက်လောင်း ကစားပြုလုပ်နေကြောင်းသတင်းအရ
ရဲအုပ်သန်းဝင်းနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် ဇော်မင်း အောင်(၄၁ နှစ်)၊ ကျော်ဌေး(၄၀ နှစ်)၊ ကျော်ဆန်း(၄၉ နှစ်)နှင့်
ဝင်းအောင်(စုံစမ်းဆဲ)တို့မှာ ဖဲချပ် ၁၀၈ ချပ်နှင့်အတူ လောင်းကစား ပြုလုပ်နေစဉ် ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးစဉ် ၀င်းအောင် (စုံစမ်းဆဲ)မှာ ထွက်ပြေးသွားခဲ့သည်။

၎င်းတို့ထံမှ လက်ကိုင်ဖုန်း ၅ လုံး၊ လောင်းကြေးငွေ ၃၄၈၀၀ တို့ကို သိမ်းဆည်းရမိခဲ့သောကြောင့်
အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက(ပ)၈၈၇/၁၆ လောင်းကစား ဥပဒေပုဒ်မ ၁၂(က) အရ
အမှုဖွင့်အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ