အရက်ကြောင်သူတစ်ဦး ဆွဲကြိုးချသေဆုံး

ခရမ်းမြို့နယ်တွင် လူတစ်ဦးဆွဲကြိုးချ သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၉ ရက်တွင်
အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ ည ၁၀ နာရီခွဲ ခန့်တွင် ခရမ်းမြို့နယ် ၁၂ ရပ်ကွက် စမ်းရွာပိုင်းတွင် လူတစ်ဦးဆွဲကြိုးချ
သေဆုံးကြောင်း အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက သက်ဆိုင်ရာ သို့ အကြောင်းကြားသဖြင့်
ရဲအုပ်မျိုးညွန့်အောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ မြင့်နိုင်(၄၄ နှစ်)ဖြစ်ပြီး ည ၁၀ နာရီခန့်က ဇနီးဖြစ်သူ ဖယောင်းတိုင်
သွားရောက်ဝယ်ယူစဉ် အရက်သောက်စား ပြီး တစ်ဦးတည်းကျန်ခဲ့ကြောင်း ဇနီးဖြစ်သူ အိမ်သို့
ပြန်လာစဉ် ခင်ပွန်းမှာ နေအိမ် အလယ်ခန်း ထုတ်တန်းတွင် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရကြောင်း
သက်ဆိုင်ရာက စုံစမ်းသိရသည်။

အလောင်းကို ခရမ်းပြည်သူ့ဆေးရုံသို့ ပို့အပ်ပြီး ခရမ်းမြို့မ ရဲစခန်းက သေမှုသေခင်း
အမှတ်စဉ် ၂၅/၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ