တရားဝင်ကွာရှင်းထားသူခင်ပွန်းက ဇနီးနှင့်ယောက္ခမကို သားမယားပြုကျင့်ခဲ့ဟုဆို

တရားဝင်ကွာရှင်းထားသူ ခင်ပွန်းက ဇနီးနှင့် ယောက္ခမကို သားမယားပြုကျင့်ခဲ့သည်ဆိုကာ
တိုင်ကြားခဲ့မှုကို သက်ဆိုင်ရာက ဇန်နဝါရီလ ၁၅ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

တောင်ဥက္ကလာပမြို့နယ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးသည် အလုပ်မှ
နေအိမ်သို့ပြန်လာစဉ် နေအိမ်တံခါးပိတ်ထားသည်ကိုတွေ့ရှိသဖြင့် အသက် ၅၁ နှစ် အရွယ်
မိခင်ဖြစ်သူကို ဖုန်းဆက်ခေါ်ရာ မိခင်ဖြစ်သူက တံခါးဖွင့်ပေးခဲ့သည်။

နေအိမ်အိပ်ခန်းအတွင်းမှ တိုင်ကြားသူအမျိုးသမီးနှင့် တရားဝင်ကွာရှင်းပြတ်စဲထားသည့်
အသက် ၂၆ နှစ်အရွယ် အမျိုးသားထွက်လာပြီး တိုင်ကြားသူနှင့် မိခင်တို့ကို
အခန်းအတွင်းသို့ ဆွဲသွင်းကာ အိမ်တံခါးပိတ်ထားခဲ့သည်။

ည ၁ဝ နာရီခွဲ အချိန်ခန့်တွင် ကွာရှင်းထားသူ ခင်ပွန်းက ၄င်းနှင့်အတူ
ပေါင်းသင်းနေထိုင်ရန်၊ မပေါင်းသင်းပါက သတ်ပစ်မည်ဟု အကြိမ်ကြိမ်
ပြောဆိုကာ နေအိမ်ဧည့်ခန်းနှင့် ရေချိုးခန်းတို့တွင် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊
ဇန်နဝါရီ ၁၅ ရက်နံနက် ၇ နာရီတွင် မိခင် အိမ်အောက်သို့ ဆင်းသွားချိန်တွင်လည်း
သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း ရဲစခန်း တိုင်ကြားချက်တွင် ဖော်ပြထားသည်။

ထို့နောက် မိခင်ဖြစ်သူမောင်းနှင်သည့် ကားကိုစီးကာ နေအိမ်က ထွက်ခွာခဲ့ပြီး
ဘေလီ တံတား မှတ်တိုင်အရောက် ကွာရှင်းထားသူ အမျိုးသားမှာ ကားပေါ်မှ
ဆင်းသွားခဲ့သည်။

ထိုသို့ကားပေါ်မှ ဆင်းသွားစဉ် မိခင်ဖြစ်သူ က ယမန်နေ့ညပိုင်းက သမီးဖြစ်သူ အလုပ်မှ
ပြန်မလာခင် သမီးဖြစ်သူ၏ ကွာရှင်းထားသူ ခင်ပွန်းက အလိုမတူဘဲ သားမယားအဖြစ်
ပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ပြုမူရာတွင် ဓမ္မတာ နှင့် ဆန့်ကျင်မှုများပါပြုလုပ်ခဲ့ကြောင်း သိရသဖြင့်
အရေးယူပေးရန်တိုင်ကြားခဲ့ရာ တောင်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ
ပုဒ်မ ၃၇၆/၃၇၇ အရ အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ