Monday, April 24, 2017

၃ လွှာမှ လက်​သမားတစ်​ဦး ငြမ်း​ထောက်​ပြုတ်​ကျ​သေဆုံးခဲ့

လှိုင်မြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် ၃ လွှာမှ လက်သမားတစ်ဦး ငြမ်းထောက်ပြုတ်ကျ
သေဆုံးခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက ဧပြီလ ၂ ရက်နေ့ တွင် အမှုဖွင့်အစစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၇ နာ၇ီ အချိန်ခန့်တွင် တိုက်ပေါ်မှပြုတ်ကျပြီး ရန်ကုန်ဆေးရုံးကြီးတွင်
ဆေးကုသခံယူသူတစ်ဦး သေဆုံးကြောင်း သတင်းအရ ဒုရဲမှူးကျော်ဇောနှင့်အဖွဲ့က
သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်နေ လက်သမား လုပ်ကိုင်သူ
အသက် ၄၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ်လ ၂၇ ၇က်နေ့ မွန်းလွဲ ၂ နာ၇ီ ၄၅ အချိန်ခန့်တွင်
လှိုင်မြို့နယ် ဓမ္မရုံလမ်းရှိ ၃ လွှာကွန်ဒို တည်ဆောက်ရေးလုပ်ငန်းခွင်၌ ကြမ်းခင်းလောင်းရန်
ဆောင်ရွက်နေစဉ် ငြမ်းဒေါက်ပြုတ်ထွက်ကာ ၃ လွှာမှ ပြုတ်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာများရှိကာ
ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အစ်ကိုဖြစ်သူပြောပြချက်အရ
သိရသည်။

လှိုင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၁၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ