Monday, April 24, 2017

လင်​မယားစကား များရန်​ဖြစ်​ပြီး​နောက်​ ခင်​ပွန်း​ဖြစ်​သူ ဒဏ်​ရာများဖြင် သေဆုံးခဲ့

ထောက်ကြန့်မြို့နယ်တွင် လင်မယားစကား များရန်ဖြစ်ပြီးနောက် ခင်ပွန်းဖြစ်သူ ဒဏ်ရာများဖြင့်
သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဧပြီ ၃ ရက်နေ့က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ မွန်းလွဲ ၁၂ နာ၇ီ ၅၀ အချိန်ခန့်တွင် ထောက်ကြန့် စစ်သချိုင်းရှေ့တွင် လူတစ်ဦး
သေဆုံးနေကြောင်း သတင်းအရ ဒုရဲအုပ်တင်ထွေးဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ထောက်ကြန့်တောင်ပိုင်း ရပ်ကွက်နေအသက် ၄၁ နှစ် အရွယ်အမျိုးသားဖြစ်ပြီး
ဝဲရင်အုံ၊ ၀ဲနို့အုံထိုးသွင်း၊ယာ ပါးပြတ်ရှ မေးစေ့ပေါက်ပြဲဒဏ်ရာများရရှိသေဆုံးနေသည်ကိုတွေ့ရသည်။

စုံစမ်းချက်အရ ဇနီးဖြစ်သူ မစောချယ်၇ီ ၄၄ နှစ် နှင့်စကားများ ရန်ဖြစ်ပြီးနောက် နေအိမ်အနီးတွင်
ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း သက်ဆိုင်ရာ စုံစမ်းချက်အရ သိရသည်။

ထောက်ကြန့်မြိုမ ရဲစခန်းက(ပ)၁၉၈/၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ