ဦး​ေ​လးတော်သူ​​က သားမယားပြုကျင့်​ခဲ့မှု ဖြစ်​ပွား

ခရမ်းမြို့နယ်တွင် ဦးလေးတော်သူက သားမယားပြုကျင့်ခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက
ဧပြီလ ၁ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။

အဆိုပါနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ခရမ်းမြို့နယ်နေ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးက
သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် သက္ကမြို့မှ ပြန်လာစဉ် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူက
အိမ်ထဲအတူနေ ဦးလေးတော်သူ ရဲမင်း ၂၃ နှစ်သည် ပြီးခဲ့သည့် စက်တင်ဘာ ရက်မမှတ်မိသည့်နေ့က
နေအိမ်တွင် လူများမရှိခိုက် သားမယားပြုကျင့်ခဲ့ကြောင်း၊ နောက် ၂ ရက်အကြာတွင်
ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ပါရှိသည်။

ထို့အပြင် လွန်ခဲ့သော ၃ လခန့်က တောထဲထင်းခွေအတူသွားစဉ် လူနေထိုင်ခြင်း မရှိသည့် တဲ၌
သားမယားပြုကျင့်ခဲ့သေးကြောင်းပြောပြသိရှိခဲ့သည်။

တက်သိနားလည်သူများဖြင့် ပြသရာ သမီးဖြစ်သူတွင် ကိုယ်ဝန် ၅ လခန့် ရှိနေပြီဖြစ်ကြောင်း သိရ၍
အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ခရမ်းမြို့မရဲစခန်းက (ပ)၄၆၅/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ