ခွဲစိတ်​ကုသရန်​ ထားရှိသည့်​ အမျိုးသားတစ်​ဦး ​ဆေးရုံမှ ထွက်​​ပြေးစဉ်​​ သေဆုံးခဲ့

လသာမြို့နယ်တွင် ခွဲစိတ်ကုသရန် ထားရှိသည့် အမျိုးသားတစ်ဦး ဆေးရုံမှ ထွက်ပြေးစဉ်
သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဧပြီ ၂ ရက်နေ့တွင် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်
ရှိသည်။

အဆိုပါနေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီး ၀င်ပေါက်အနီးတွင်
အမျိုးသားတစ်ဦး လဲကျသေဆုံးကြောင်း သတင်းအရ ဒုရဲမှူးမြင့်လွင်သန်းနှင့်အဖွဲ့က သွားရောက်
စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၄င်းမှာ
နှာခေါင်းအဖျား သွေးခြောက်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရသည်။

၎င်းကို မတ်လ ၃၁ ၇က်နေ့က အင်းစိန်ဆေးရုံမှ ဦးနှောက် အာရုံကြောဒဏ်ရာကုသရန်
ရန်ကုန်ဆေးရုံကြီးသို့ လွဲပြောင်းခဲ့ပြီး၊ ဧပြီလ ၂ ရက်နေ့၊ ည ၁၂ နာရီ ခွဲအချိန်ခန့်တွင် ခွဲစိတ်ကုသရန်
ထားရှိစဉ် ပိုက်များဖြုတ်ကာ ထွက်ပြေးသွားပြီး လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏
စုံစမ်းချက်အရ သိရသည်။

အလောင်းကို ရန်ကုန်ဆေးရုံကြီးက ပီအာရ် ၀၄၇ ဖြင့် လက်ခံထားပြီး သေမှုသေခင်း
အမှတ်စဉ် ၁/၁၇ ဖြင့် စစ်ဆေးလျက် ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ