Monday, April 24, 2017

အချုပ်သားတစ်ဦး အင်အားချည့်နှဲသေဆုံးခဲ့

အင်းစိန်မြို့နယ်တွင် အချုပ်သားတစ်ဦး အင်အားချည့်နှဲသေဆုံး ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက
ဧပြီလ ၄ ရက်နေ့ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။ အဆိုပါနေ့ ည ၇ နာရီအချိန်ခန့်တွင်
အင်းစိန်ဆေးရုံသို့ အချုပ်သားအမျိုးသားတစ်ဦး သေဆုံး ရောက်ရှိနေကြောင်း သတင်းအရ ဒုရဲမှူး
တင်ဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံး သူမှာ ကြည်မြင်တိုင်မြို့နယ်တရားရုံး ရာကြီးအမှတ် ၂၇/၁၆ ရာဇသတ်ကြီးပုဒ်မ
၂၉၄(ခ)/၃၂၃/၄၀၃ အမှုဖြင့် အမှုရင်ဆိုင်နေရသူ ရန်ပိုင်စိုး(၂၇ နှစ်)ဖြစ်ပြီး နံနက် ၈ နာရီခွဲ
အချိန်ခန့်တွင် ကြည့်မြင် တိုင်တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး ညနေ ၄ နာရီခွဲအချိန်တွင် အင်းစိန်
အကျဉ်းထောင်အချုပ်သို့ အချုပ် ယာဉ် ဖြင့်ပြန်လည် ပို့အပ်ခဲ့သည်။

ရန်ပိုင်စိုးမှာ ၀မ်းသွားပြီး အင်အားချည့်နှဲ့လာ သဖြင့် ထောင်ဆရာဝန်က အင်းစိန်ဆေးရုံသို့
တင်ပို့ရန် ညွန်ကြားသဖြင့် အင်းစိန်ဆေးရုံသို့တင်ပို့ ကုသခဲ့သည်။ အင်းစိန်ဆေးရုံသို့ရောက်ရှိပြီး
စစ်ဆေးနေစဉ် ညနေ ၆ နာရီ ၁၅ အချိန်ခန့်တွင် သေဆုံးခဲ့သည်။ အလောင်းကို ဆေးရုံက
ပီအာရ် ၂၀ ဖြင့်လက်ခံထားပြီး အင်းစိန်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၉/၁၇ ဖြင့်
အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ