တရားရုံးအတွင်း ဓါတ်ဆီလောင်း မီးရှို့ရန်အားထုတ်သူ အမျိုးသမီးကိုအရေးယူ

မြောက်ဥက္ကလာပမြို့နယ်ရှိ တရားရုံးအတွင်း ဓါတ်ဆီလောင်း မီးရှို့ရန်အားထုတ်သူ အမျိုးသမီးကို
သက်ဆိုင်ရာက ဧပြီ ၂၄ ရက်နေ့ တွင် အမှုဖွင့် အရေးယူထားသည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် မြောက်ဥက္ကလာပ မြို့နယ်တရားရုံး၏ ဘီးလစ်စာရေး
ဒေါ်သူဇာက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် တရားရုံး ဘီးလစ်ရုံးခန်းတွင် တာဝန်ထမ်းဆောင်
နေစဉ် ရုံးခန်းအတွင်းသို့ ရွှေပေါက္ကံမြို့သစ်နေ မ၀င်းသီတာအေး(၄၀ နှစ်)ရောက်ရှိလာပြီး ၄င်း၏
နေအိမ်ကို တရားရုံးဆုံးဖြတ်ချက်ဖြင့် အပ်ဝရမ်းဆောင်ရွက်ပေးခဲ့မှု မကျေနပ်ကြောင်းပြောဆိုခဲ့သည်။

ထို့နောက် ဓါတ်ဆီပုလင်းမှ ဓါတ်ဆီများ ရုံးခန်းအတွင်းပက်ဖျန်းနေသဖြင့် ဘာလုပ်တာလဲဟု
မေးမြန်းစဉ် ခန္ဓာကိုယ်ကိုဓါတ်ဆီဖြင့်ပက်ခဲ့ပြီး ဓါတ်ဆီလောင်းသည့် နေရာကို မီးခြစ်ဖြင့် မီးရှို့ရန်ပြု
လုပ်နေစဉ် ရဲတပ်ဖွဲ့ဝင်များရောက်ရှိထိန်းသိမ်းခဲ့သည်။ မ၀င်းသီတာအေး ကိုထိန်းသိမ်းစစ်ဆေးခဲ့ရာ
၎င်းလွယ်ထား သည့် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ အရိုးအသွား ၆ လက်မခန့်ရှိ ဓါးဦးချွန်
ခေါက်ဓါး နှစ် ချောင်းကိုသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့မရဲစခန်းက(ပ)၄၁၀/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃/၄၃၆/၅၁၁၊ (ပ)
၄၁၁/၁၇ လက်နက်ဥပဒေပုဒ်မ ၁၉(င) တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ