အငှားယာဉ်မောင်းနှင်သူနှင့်အပေါင်းအပါတို့က ခရီးသည်ကို ဓါးနှင့်ထိုးခဲ့

ကြည်မြင်တိုင်မြို့နယ်တွင် အငှားယာဉ်မောင်းနှင်သူနှင့်အပေါင်းပါတို့က
ဓါးနှင့်ထိုးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက မေလ ၂ ရက်နေ့က အမှုဖွင့် စုံစမ်းလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၂နာရီ ၄၀ အချိန်ခန့်တွင် ကြည်မြင်တိုင်မြို့နယ်နေ အမျိုးသားတစ်ဦး
နေအိမ်တွင် အိပ်နေစဉ် ကြည်မြင်တိုင်မြို့နယ်တွင် ဖွင့်လှစ်ထားပြီး ၄င်း မန်နေဂျာအဖြစ်
တာဝန်ယူလုပ်ကိုင်ရသည့် ဟိုတယ်မှ ၀ိတ်တာဖြစ်သူ ဧရာဝတီတိုင်းဒေသကြီးနေ အသက်(၂၉
နှစ်)အရွယ်အမျိုးသားမှာ ဓါးထိုးခံရပြီး ရန်ကုန်ဆေးရုံကြီးသို့ရောက်နေကြောင်း သိရသဖြင့်
လိုက်ပါသွားခဲ့သည်။

စုံစမ်းချက်အရ မေလ ၂ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ကြည်မြင်တိုင်စံပြငါးဈေးမှ
အငှားယာဉ်ကို ငှားရမ်းကာ ယာဉ်နောက်ခန်းမှစီးနင်းလိုက်ပါကာ တည်းခိုခန်းသို့ပြန်လာခဲ့သည်။
နာရီဝက်ခန့်အကြာ ယာဉ်မောင်း နှင်သူက ယာဉ်ကို မည်သည့်နေရာသို့မောင်းနှင်နေသည်ကို
မသိရှိဘဲ ကမာရွတ်မြို့နယ် ရွှေကောင်း ဟော့ပေါ့အနီးအရောက် ယာဉ်ဖုံးအခန်းမှလူနှစ်ဦး
ထလာပြီး နောက်မှသိုင်းချုပ်ကာဓါးဖြင့်ထိုးသဖြင့်ဝဲဘက်နံရိုးအောက်ထိုးသွင်းဒဏ်ရာ၊ ၀ဲပေါင်
အလယ် ပြတ်ရှ ဒဏ်ရာတို့ရရှိခဲ့ပြီး လက်ကိုင်ဖုန်းတစ်လုံး မည်သည့်နေရာတွင် ကျကျန်ခဲ့ကြောင်း
မသိရှိကြောင်းပြောပြသိရသဖြင့် အရေးယူပေးရန်တိုင် ကြား ခဲ့သည်။

ကမာရွတ်မြို့မရဲစခန်းက(ပ)၁၄၁/၁၇ရာဇသတ်ကြီးဥပဒေပုဒ်မ၃၂၆/၁၁၄ အရအမှုဖွင့်
အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ