ဝိုင်ဘီအက်စ်လမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးခဲ့သူများကို အရေးယူ

သာကေတမြို့နယ်တွင် ၀ိုင်ဘီအက်စ်လမ်းညွှန်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သည်ဆိုသူ နှစ်ဦးကို
သက်ဆိုင်ရာက မေ ၈ ရက်တွင် အမှုဖွင့် အရေးယူထားသည်။

သာကေတမြို့နယ် ထူပါရုံလမ်းထိပ် ကားမှတ်တိုင်အနီးတွင် စိုက်ထူထားသည့် ၀ိုင်ဘီအက်စ်ယာဉ်
ဆိုင်းဘုတ်ကို အမျိုးသားတစ်ဦးက ရိုက်ချိုးဖျက်ဆီးနေကြောင်း သတင်းအရ ဒုရဲအုပ်အောင်မြင့်မော်နှင့်
အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် လှိုင်သာယာမြို့နယ်နေ အေပီစိုးအောင်(၃၁ နှစ်)၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နေ
အောင်အောင်(ခ) အာကာစိုး(၁၉ နှစ်)တို့မှာ မူးယစ်သောက်စားထားပြီး ကားမှတ်တိုင်အနီးမှ
ဝိုင်ဘီအက်လမ်းညွှန်ဆိုင်းဘုတ်ကို ကန်ကြောက်ဖျက်ဆီးခဲ့သောကြောင့် ကျပ် ၅၀,၀၀၀ ဖိုးခန့်
ဆုံးရှုံးပျက်စီးသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

သာကေတမြို့မရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆ (၁) အရ
အမှုဖွင့်အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ