ရပ်ထားသည့် မြေသယ်ယာဉ် မီးလောင်မှုဖြစ်ပွား

ဒဂုံတောင်ပိုင်းမြို့နယ်တွင် ရပ်ထားသည့် မြေသယ်ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက မေ ၁ဝ ရက်တွင် အမှုဖွင့်အရေးယူထားသည်။

ဒဂုံတောင်ပိုင်းမြို့နယ် ရွာသာကြီးရပ်ကွက် အပိုင်း ၃ လမ်းရှိ မေတ္တာမဏ္ဍာန်ဘုန်းကြီး
ကျောင်းရှေ့ မြေသားလမ်းပေါ်တွင် တိုက်ကြီးမြို့နယ်နေ ယာဉ်မောင်း
အောင်ပိုင်ငြိမ်း(၂၆ နှစ်)၊မောင်းနှင်သည့် နစ်ဆန်းအမျိုးအစားမြေသယ်ယာဉ်မှာ
လမ်းဘေးရပ်နား ထားစဉ် ယာဉ်၏စက်ခန်းမှ ဝါယာရှော့ခ်ဖြစ်ကာ
မီးစတင်လောင်ကျွမ်းခဲ့သည်။

မီးလောင်မှုကြောင့် ယာဉ်ဦးခေါင်းပိုင်းပျက်စီးကာ ကျပ် ၇၅,ဝဝဝ ဖိုးခန့်ဆုံးရှုံးခဲ့သဖြင့်
ယာဉ်မောင်းနှင်သူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ တောင်ဒဂုံမြို့မရဲစခန်းက
ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ