ရေပေါ်ဟိုတယ်အနီးတွင် ပုပ်ပွနေသည့် လူသေအလောင်းတွေ့

ဆိပ်ကမ်းမြို့နယ် ရေပေါ်ဟိုတယ်အနီးတွင် ပုပ်ပွနေသည့် လူသေအလောင်းတွေ့ရှိခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက မေ ၁ဝ ရက်တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

ဆိပ်ကမ်းမြို့နယ် ရန်ကုန်မြစ် ရေပေါ်ဟိုတယ်အနီးအမှတ် ၅ နှင့် ၆ ဗောတံတားကြားတွင်
လူသေအလောင်း ပေါ်နေကြောင်းသတင်းအရ ဒုရဲမှူး ထွန်းထွန်းသန်းနှင့်အဖွဲ့က
သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၁၉ နှစ် အရွယ်ခန့် အမည်မသိ အမျိုးသားတစ်ဦးဖြစ်ပြီး
အလွန်အမင်းပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိသဖြင့် အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့
ပို့အပ်ရာ ပီအာရ် ဝဝ၇ ဖြင့် လက်ခံထားပြီးဆိပ်ကမ်ကမ်းမြို့မရဲစခန်းက သေမှုသေခင်း ၂၁/၁၇ ဖြင့်
အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ