လက်တော့ပ် အားသွင်းရာက မီးလောင်မှုဖြစ်ပွား

မရမ်းကုန်းမြို့နယ်တွင် လက်တော့ပ်အားသွင်းရာက မီးလောင်မှုဖြစ်ပွားခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက
မေ ၁၀ ရက်နေ့ တွင် အမှုဖွင့်အရေးယူထားသည်။

အဆိုပါနေ့ နံနက် ၁၀ နာရီ ၂၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ရန်ကြီးအောင်လမ်းသွယ်ရှိ
ဦးဖုန်းကျော်(၆၅ နှစ်)နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲအုပ်မြတ်ခိုင်ဦးနှင့်
အဖွဲ့ ကသွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ အဆိုပါနေအိမ်အပေါ်ထပ် အိပ်ခန်းတွင်း လျှပ်စစ်မီး ပလပ်ခုံတွင် အားသွင်းထားသည့်
လက်တော့ပ် အပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့်ကျပ် ၁၅ သိန်းဖိုးခန့်ဆုံးရှုံးခဲ့သည်။

မီးလောင်မှု ကို မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးနိုင်နှင့် အဖွဲ့က ငြိမ်းသတ်ခဲ့ပြီး ဦးဖုန်းကျော်ကို
အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မရမ်းကုန်းမြို့မရဲစခန်းက (ပ)၃၆၁/၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်
အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ