ကတ်ကြေးကိုက်ဆိုင် အဲကွန်းအပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွား

စမ်းချောင်းမြို့နယ်တွင် ကတ်ကြေးကိုက်ဆိုင် အဲကွန်းအပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားခဲ့သည်
ဆိုမှုကို သက်ဆိုင်ရာက မေ ၁၀ ရက်နေ့ တွင် အမှုဖွင့်အရေးယူထားသည်။

အဆိုပါနေ့ ည ၉ နာရီ ၁၅ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းမျိုးဦး(ခ)ခေါင်းဖြူ
(၄၃ နှစ်) ဖွင့်လှစ်ထားသည့် မြိတ်ခေါင်းဖြူကတ်ကြေးကိုက်ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း
သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှူး ရဲမှူးဝင်းမြင့်ဦး နှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါဆိုင်အပေါ် ထပ်ထပ်ခိုးတွင် တပ်ဆင်ထားသည့် အဲကွန်းအပူလွန်ကဲရာက
မီးစတင်လောင်ကျွမ်းခဲ့ပြီး အ၀တ်အစားနှင့် မွေ့ယာတို့ မီးကူးကာ ဘေးတိုက် ၃ လွှာနှင့် ၄ လွှာတို့ကို
ဆက်လက်မီးကူး လောင်ကျွမ်းခဲ့သည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဝင်း ဦးစီးသည့်
မီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦးတို့က ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှု ဖြစ်ပွားစဉ် ဆိုင်ဝန်ထမ်း ၂ ဦးမီးခိုမွှန်သတိလစ်ခဲ့သည်။ မျိုးဦး(ခ) မြိတ်ခေါင်းဖြူ ကို
အရေးယူပေးရန် တိုင်ကြားခဲ့သည်။

စမ်းချောင်းမြို့မရဲစခန်းက(ပ)၁၇၂/၁၇ ရာဇသတ်ကြီး ဥပဒေပုဒ် မ ၂၈၅ အရ အမှုဖွင့်
အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ