ဆိုင်ကယ်မောင်းနှင်သူက ကျပ် ၁၀ သိန်းတန် ရွှေဆွဲကြိုးကို လုယူထွက်ပြေး

ခရမ်းမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်သူက ကျပ် ၁၀ သိန်းတန် ရွှေဆွဲကြိုးကို
လုယူထွက်ပြေးခဲ့သည် ဆိုမှုကို သက်ဆိုင်ရာက မေ ၁၁ ရက်နေ့ တွင် အမှုဖွင့်
စုံစမ်းလျက်ရှိသည်။

အဆိုပါနေ့ ည ၈ နာရီ အချိန်ခန့်တွင် ခရမ်းမြို့နယ်နေ မအိမွန်လင်းသည် မိခင်ဖြစ်သူနှင့်အတူ
အမှတ် ၄ ရပ်ကွက်၊စနေလမ်းတွင် ကျူရှင်တက်နေသည့် တူမကို သွားကြိုပြီး ပြန်လာစဉ်
၁ လမ်း သွယ်ထိပ်အရောက် စပို့ရှပ်အကျီအနက်ရောင် ဆိုက်ကယ်ဦးထုပ်ဆောင်းထားပြီး
ခြေထောက် တွင် ကနုတ်များရေးထိုးထားသည့် အမျိုးသားတစ်ဦးက မျက်နှာချင်းဆိုင်မှ
ဆိုင်ကယ် မီးထိုးမောင်း နှင်လာခဲ့သည်။

အနီးသို့ အရောက် လည်ပင်းတွင် ဆွဲထားသည့် ဆွဲသီးပါ ရွှေဆွဲကြိုး ကျပ် ၁၀ သိန်းကိုလုယူ
ထွက်ပြေးသွားခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ မရမ်းကုန်းမြို့မရဲစခန်းက
(ပ) ၉၃၆/ ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ အရ အမှုဖွင့်အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ