အမဲသားဟင်းသွားပို့စဉ် တစ်ရွာတည်းသားက ခြိမ်းခြောက် သားမယားပြုကျင့်

မှော်ဘီမြို့နယ်တွင် အမဲသားဟင်းသွားပို့စဉ် တစ်ရွာတည်းသားက ခြိမ်းခြောက်သားမယားပြုကျင့်
ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက မေ ၁၁ ရက်နေ့တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီ ၁၀ အချိန်ခန့်တွင် မှော်ဘီမြို့နယ် နေ အသက် ၁၈ နှစ်အရွယ်
အမျိုးသမီးက သက်ဆိုင်ရာ သို့တိုင်ကြားရာတွင် လွန်ခဲ့သော ၉ လခန့်မှစတင်ကာ
တစ်ရွာတည်းနေ ကြင်ငွေ (စုံစမ်းဆဲ)ထံသို့ အမဲသားဟင်းသွားပို့လေ့ရှိကြောင်း၊
ထိုသို့သွားပို့စဉ် ရက်မမှတ်မိသည့်နေ့က ကြင်ငွေ ကတဲအတွင်း ၄င်းအိပ်သည့် ကုတင်ပေါ်သို့
ပွေ့ချီကာ ဓါးဦးချွန်နှင့်ထောက်၍ သားမယားအဖြစ်ပြုကျင့်ခဲ့သည်။

အဆိုပါကိစ္စကို မည်သူမျှမပြောရန် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့်
မည်သူကိုမျှ မပြောဘဲ နေထိုင်ခဲ့ရာ လွန်ခဲ့သော ၂ လခန့်က မိခင်ဖြစ်သူက ဗိုက်ကို
မသင်္ကာသဖြင့် အင်းစိန် မြို့နယ်ရှိ ဆေးခန်း တစ်ခုတွင် ပြသရာ ကိုယ်ဝန် ၇ လခန့်ရှိပြီဖြစ်ကြောင်း
သိရသဖြင့် သားမယား ပြုကျင့်ခဲ့သူ ကြင်ငွေ ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မှော်ဘီမြို့မရဲစခန်းက (ပ) ၄၇၉/၁၇ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်
အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ