စပါးသယ်ယူနေသူတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ထန်းတပင်မြို့နယ်တွင် စပါးသယ်ယူနေသူတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက မေ ၁၃ ရက်နေ့ တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ ရွှေနေကျေးရွာတွင် လူတစ်ဦး
မိုးကြိုးပစ်ခံရပြီးသေဆုံးကြောင်း သတင်းအရ ဒုရဲမှူးအောင်သိန်းနှင့်အဖွဲ့ သွားရောက်စစ်ဆေး
ခဲ့သည်။

သေဆုံးသူမှာ ရွှေနေကျေးရွာနေ အောင်မင်းနိုင်(၃၅ နှစ်)ဖြစ်ပြီး လယ်ကွင်းစပ်တွင် ဂုတ်ပိုးညိုမဲ
ဒဏ်ရာ နားသွေးထွက်ဒဏ်ရာ များရရှိကာ မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရသည်။

စုံစမ်းချက်အရ သေဆုံးသူမှာ လယ်ထဲသို့ စပါးတိုက်ရန် ကျွဲလှည်းဖြင့်ထွက်သွားခဲ့ရာက မိုးကြိုးပစ်
ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလောင်းကို အင်းစိန်ဆေးရုံက ပီအာရ် ၁၂ ဖြင့်
အမှုဖွင့်ထားပြီး ထန်းတပင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၁၇ အရ အမှုဖွင့် စစ်ဆေးလျက်
ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ