ရွှေနှင့် ငွေများကို လူ သုံးဦးက လုယူကာ ဓါးနှင့်ထိုး ထွက်ပြေးခဲ့

ရွှေပြည်သာမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်သူနှင့်လိုက်ပါ သူတို့ထံမှ ရွှေနှင့်ငွေများကို လုယူကာ
ဓါးနှင့် ထိုးခဲ့သည်ဆိုသူများကို သက်ဆိုင်ရာက မေ ၁၅ ရက်နေ့တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့
တိုင်ကြားရာတွင် စမ်းချောင်းမြို့နယ်မှ ၀ိုင်ဘီအက် ၆၅ ဖြင့်လိုက် ပါလာစဉ် ကားပေါ်တွင်
အိပ်ပျော်သွားခဲ့သည်။

ရွှေပြည်သာမြို့နယ် အမှတ် ၂၁ ရပ်ကွက် လိပ်ကုန်းကျေးရွာသို့ ရောက်ရှိသွားခဲ့သောကြောင့်
သူငယ်ချင်းဖြစ်သူကို အကူညီတောင်း၍ လိုက်ပို့ခိုင်းခဲ့သည်။

ဆိုင်ကယ်ဖြင့် ၀ါးတစ်ရာစက်မှုဇုန်ပတ်လမ်းအတိုင်း မောင်းနှင်စဉ် ချစ်ဇင်းရော်ဘာစက်ရုံ
နောက်ကျောဘက်အရောက် ဆိုင်ကယ်ခဏရပ်ပြီး အဆိုပါအမျိုးသမီးက နေအိမ်သို့ ဖုန်းဆက်နေစဉ်
အသက် ၃၀ အရွယ် လူ သုံးဦးရောက်လာပြီး မင်းက ဘာကြည့်တာလဲဟု ပြောဆိုခဲ့သည်။

မကြည့်ကြောင်း ပြောဆိုစဉ် အဆိုပါလူက ထိုအမျိုးသမီးတွင် ၀တ်ဆင်ထားသည့် ရွှေဆွဲကြိုး၊
ရွှေနားကပ်၊ ရွှေလက်စွပ်နှင့် လက်ကိုင်ဖုန်းတို့ကို ဖြတ်ယူခဲ့သည်။

ထိုသို့ဖြုတ်ယူစဉ် အတူပါလာသူ ၂ ဦးကလည်း ဓါးမြောင်ဖြင့် ထောက်ထားပြီး သူငယ်ချင်းဖြစ်သူ
အမျိုးသားကို ထိုးခဲ့ပြီး ၄င်း၏ ကျပ် ၂ သိန်းတန် လက်ကိုင်ဖုန်းကို လုယူခဲ့ကာ ကျပ် ၂ သိန်းတန်
ဆိုင်ကယ်ကို လုယူရန်ပြုနေစဉ် သူငယ်ချင်းဖြစ်သူ အမျိုးသားက တောင်းပန်သဖြင့် ဆိုင်ကယ်သော့ကို
ဖြုတ်ကာထွက်ပြေးသွားခဲ့ကြသည်။

ဓါးဖြင့် ထိုးသဖြင့် သူငယ်ချင်းဖြစ်သူ အမျိုးသားတွင် ထိုးသွင်း ဒဏ်ရာ ၄ ချက် ရရှိခဲ့ပြီး
ပစ္စည်းလုယက်သူကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လှော်ကားနယ်မြေ ရဲစခန်းက(ပ)၃၆၀/၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄ အရ
အမှုဖွင့်စုံစမ်းလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ