ဆိုင်ကယ်နှင့် ယာဉ် မျက်နှာခြင်းဆိုင်တိုက်မိခဲ့ရာက ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

မှော်ဘီမြို့နယ်တွင် ဆိုင်ကယ်နှင့် ယာဉ် မျက်နှာခြင်းဆိုင် တိုက်မိခဲ့ရာက ဆိုင်ကယ် မောင်းနှင်သူ
သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက မေ ၁၄ ရက်တွင် အမှုဖွင့် အရေးယူထားသည်။

မှော်ဘီမြို့နယ် မြောင်းတကာဘက်သို့ ရန်ကုန်ျွပြည် လမ်းအတိုင်း ၀င်းနိုင်(ခ)ဂွမ်းပုံ(၄၅ နှစ်)
မောင်းနှင်လာသည့် ဆိုင်ကယ်သည် မြောင်းတကာကျေးရွာအ၀င် မိုင်တိုင်အမှတ် ၃၈/၂နှင့် ၃ အကြား
အရောက် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားခဲ့ပြီး မျက်နှာခြင်းဆိုင်မှ
လက်ပံတန်းမြို့နယ်နေ ယာဉ်မောင်း နေလင်းဦး (၃၃ နှစ်)မောင်းနှင်သည့် ဖူဆိုခရီးသည်တင်ယာဉ်ကို
ဝင်ရောက် တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ၀င်းနိုင်(ခ)ဂွမ်းပုံသည် ထိခိုက်ပေါက်ပြဲဒဏ်ရာများ ရရှိကာ နေရာတွင်
သေဆုံးသွားခဲ့သောကြောင့် ၎င်းကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မှော်ဘီမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ က/၂၇၉ အရ အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ