ဆောမြို့တွင် ထန်းပင်တက်ရာက လူတစ်ဦးပြုတ်ကျသေဆုံး

မကွေးတိုင်းတိုင်ဒေသကြီး ဆောမြို့နယ်တွင် ထန်းပင်တက်ရာက လူတစ်ဦးပြုတ်ကျသေဆုံးခဲ့သည်
ဆိုမှုကို သက်ဆိုင်ရာက မေ ၁၃ ရက်တွင် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

ဆောမြို့နယ်၊ မိအယ်ကျေးရွာတွင် လူတစ်ဦး ထန်းပင်ပေါ်မှ ပြုတ်ကျသေဆုံးကြောင်း သတင်းအရ
ကျောက်ထုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ အဆိုပါကျေးရွာ အနောက်တောင်ဘက်တွင် တင်စိုး(၄၃ နှစ်)သည် ထန်းပင်ပေါ်သို့
တက်၍ ထန်းရည်လှယ်စဉ် ခြေချော်ပြုတ်ကျခဲ့ရာ ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်သည်။

ကျောက်ထုနယ်မြေရဲစခန်းက သေမှု သေခင်း အမှတ်စဉ်(၂/၁၇)ဖြင့် စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ