အမှိုက်ပုံတွင် ကလေးအလောင်းစွန့်ပစ်ခဲ့သည်ဆိုသူကို စုံစမ်းနေ

ဗိုလ်တထောင်မြို့နယ်တွင်းရှိ အမှိုက်ပုံတွင် ကလေးအလောင်း စွန့်ပစ်ခဲ့သည်ဆိုသူကို သက်ဆိုင်ရာက
ဇူလိုင် ၂ဝ ရက်နေ့က အမှုဖွင့်စုံစမ်းလျက်ရှိသည်။

အဆိုပါနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ ၄၂ လမ်း၊ လမ်းဘေး အမှိုက်ပုံအတွင်
ချက်ကြိုးတန်းလန်းနှင့် ကလေးငယ်အလောင်း လာရောက်စွန့်ပစ်ထားကြောင်း သတင်းအရ
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ ဒလမြို့နယ်နေ ရေသန့်ဗူးကောက်ယူသည့် ဒေါ်လှလှဝင်းက အမှိုက်ပုံတွင် ရေသန့်ဗူးများ
ရှာဖွေယူနေစဉ် ကြွပ်ကြွပ်အိတ်အနက်ဖြင့် ထုပ်ပိုးထားသည့် ချက်ကြိုးတန်းလန်းနှင့် သေဆုံးနေသည့်
ကလေးငယ် အလောင်းကို တွေ့ရှိအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင် မြို့မရဲစခန်းက (ပ)၁၇၆/၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၈ အရ အမှုဖွင့်
အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ