လမ်းဖြတ်ကူးသူ အဖွားအိုကို ဝိုင်ဘီအက်ခရီးသည်တင်ယာဉ်က တိုက်မိသဖြင့် သေဆုံး

သာကေတမြို့နယ်တွင် လမ်းဖြတ်ကူးသူ အဖွားအိုကို ဝိုင်ဘီအက်ခရီးသည်တင်ယာဉ်က
တိုက်မိသဖြင့် သေဆုံး ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇူလိုင် ၂၃ ရက်နေ့ တွင် အမှုဖွင့်
အရေးယူထားသည်။

အဆိုပါနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် သာကေတမြို့နယ် ၊သန်လျင်ချဉ်းကပ်လမ်းအတိုင်း သန်လျင်မှ
သာကေတအဝိုင်းဘက်သို့ ခရမ်းမြို့နယ်နေ ယာဉ်မောင်းရဲမင်းထွန်း(၃ဝ နှစ်) မောင်းနှင် လာသည့်
ဝိုင်ဘီ အက် ၃၄ ခရီးသည်တင်ယာဉ်သည် သာကေတ(၁) သဘာဝဓါတ်ငွေ့အရောင်းဆိုင်
အနီးအရောက် လမ်းဖြတ် ကူးသူ အသက် ၇ဝ အရွယ် အမျိုးသမီးတစ်ဦးကို ဝင်ရောက်တိုက်မိခဲ့သည်။

ယာဉ်တိုက်ခံရသူ ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံ သို့တင်ပို့ကုသစဉ်
သေဆုံးသွားခဲ့သောကြောင့် ယာဉ်မောင်းနှင်သူ ယာဉ်မောင်းရဲမင်းထွန်း ကိုအရေး ယူပေးရန်
တိုင်ကြားခဲ့သည်။ သာကေတနယ်မြေရဲစခန်းကယာဉ်(ပ) ၃ဝ/၁၇ ရာဇသတ်ကြီး
ဥပဒေပုဒ်မ ၃ဝ၄ က အရ အမှု ဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ