ရင်းနှီးသူက ၀ိုင်တိုက်ပြီး အမူးလွန်စဉ် သားမယားအဖြစ်ပြုကျင့်

လှိုင်သာယာမြို့နယ်တွင် လွန်ခဲ့သော ၄ ရက်ခန့်က ရင်းနှီးသူက အိမ်မှထွက်လာစဉ် ၀ိုင်တိုက်၍
အမူးလွန်စဉ် သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက သြဂုတ် ၂ ရက်နေ့က
အမှုဖွင့်ရေးယူထားသည်။

အဆိုပါနေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ အသက် ၁၉ နှစ်အရွယ်
အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် မိခင်ဖြစ်သူနှင့်စိတ်ဆိုးပြီး ဇူလိုင် ၁၈ ရက်နေ့
ညနေ ၅ နာရီ အချိန်ခန့်တွင် အသက် ၁၇ နှစ်အရွယ် သူငယ်ချင်း မိန်းကလေးနေအိမ်သို့
သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်စဉ် လွန်ခဲ့သော ၄ ရက်ခန့်က ရင်းနှီးခဲ့သည့် လှိုင်သာယာမြို့နယ်နေ မင်းမင်းလှိုင်
(စုံစမ်းဆဲ)ထံ ဖုန်းဆက်ပြီး အလုပ်လုပ်ကိုင်ရန်နှင့် နေထိုင်ရန် အခန်းတစ်ခန်း ရှာပေးရန်
ပြောဆိုခဲ့သည်။

မင်းမင်းလှိုင်က အငှားယာဉ်တစ်စီးဖြင့် လာခေါ်သဖြင့် လိုက်သွားခဲ့သည်။

ယာဉ်ပေါ်တွင် မင်းမင်းလှိုင်၊ အမျိုးသမီးတစ်ဦးနှင့် အာနိုး(စုံစမ်းဆဲ)တို့ ပါလာခဲ့ပြီး လှည်းတန်းသို့
ခေါ်ဆောင်သွားခဲ့သည်။

လှည်းတန်းတွင်နေရန် အဆောင်မရှိသဖြင့် ကြည့်မြင်တိုင် ဆင်မလိုက်ကွေ့အနီးရှိ တည်းခိုခန်းတွင်
၎င်းတို့ အခန်း ၂ ခန်းယူ၍ တည်းခိုညအိပ်ခဲ့သည်။

နောက်တစ်နေ့တွင် အတူလိုက်ပါသည့် အမျိုးသမီးမှာ ပြန်သွားခဲ့သည်။

အဆိုပါ အနီးအနားတွင် တည်းခိုရန် အခန်းလိုက်ရှာခဲ့ပြီး အနီးရှိ စားသောက်ဆိုင်တွင် ထိုင်ခဲ့သည်။

မင်းမင်းလှိုင်နှင့် အားနိုး က ဘီယာသောက်ခဲ့ပြီး တိုင်ကြားသူနှင့် သူငယ်ချင်းတို့က ၀ိုင်သောက်ခဲ့ပြီး
မူးဝေအိပ်ပျော်သွားခဲ့သည်။

ဇူလိုင် ၂၀ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် အိပ်ရာမှနိုးစဉ် တိုင်ကြားသူနှင့် အာနိုး က တစ်ခန်း၊
သူငယ်ချင်းဖြစ်သူ နှင့် မင်းမင်းလှိုင်တို့က တစ်ခန်းစီဖြစ်နေပြီး မိန်းမအင်္ဂါများ နာကျင်နေသဖြင့်
မေးမြန်းရာ ၎င်းတို့ ၂ ဦးက သားမယားပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့သည်။

တိုင်ကြားသူက နေအိမ်သို့ ပြန်မည်ဟုပြောဆိုရာ ပေးမပြန်ဘဲ လက်ထပ်ပေါင်းသင်းမည်ဖြစ်ကြောင်း
တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ မင်းမင်းလှိုင်၏ အစ်ကိုဖြစ်သူနေထိုင်ရာ
ဒဂုံအရှေ့ပိုင်းမြို့နယ်နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး နောက် သားမယားအဖြစ် ပြုမူနေထိုင်ခဲ့သည်။

ဇူလိုင် ၂၉ ရက်နေ့တွင် တိုင်ကြားသူက မိခင်နှင့် အဆက်အသွယ်ရရှိခဲ့ပြီး မိခင်လာရောက်
ခေါ်ဆောင်စဉ် မင်းမင်းလှိုင်နှင့် အာနိုးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် အရေးယူပေးရန်
တိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းက(ပ)၂၉၀၇/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ