စက်ဘီးခြင်းတိုက်သည့်ကိစ္စ မကျေနပ်သဖြင့် ဓါးဖြင့်ခုတ်ရာက နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

ဒဂုံတောင်ပိုင်းမြို့နယ်တွင် စက်ဘီးခြင်းတိုက်သည့်ကိစ္စ မကျေနပ်သဖြင့် ဓါးဖြင့်ခုတ်ရာက
နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက သြဂုတ်လ ၈ ရက်နေ့တွင်
ဖမ်းဆီးအရေးယူခဲ့သည်။

သြဂုတ် ၇ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် ဒဂုံတောင်ပိုင်းမြို့နယ်နေ ဒေါ်မြမြထွေးသည်
သားဖြစ်သူကို ဆန်ဝယ်ရန် စက်ဘီးဖြင့် လွှတ်ခဲ့သည်။

ထို့နောက် သားဖြစ်သူ ဆန်ဝယ်ရာမှပြန်လာစဉ် သားဖြစ်သူနောက်မှ တစ်ရပ်ကွက်ထဲနေ
ဘိုဘို(ခ)ဘိုဘိုဟန် (၁၈ နှစ်) လိုက်လာပြီး သားဖြစ်သူနှင့် စကားများ ရန်ဖြစ်နေသည်ကို
တွေ့ရသည်။

စကားများသည့် အကြောင်းရင်းကို မေးမြန်းရာ သမိန်ဗရမ်းလမ်းတွင် စက်ဘီးခြင်းငြိ၍ စကားများ
ရန်ဖြစ်ခဲ့ကြောင်း သိရသဖြင့် ဒေါ်မြမြထွေးက တောင်းပန်ခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိသည်။

ထိုသို့ တောင်းပန်ခဲ့သော်လည်း ဘိုဘို(ခ)ဘိုဘိုဟန်က မပြန်သေးဘဲ ရပ်နေသဖြင့် ခင်ပွန်းဖြစ်သူက
အိမ်ပေါ်မှဆင်းလာပြီး စကားများခဲ့ကြသည်။

ထို့နောက် တူဖြစ်သူ ထပ်မံရောက်သဖြင့် ဘိုဘို(ခ)ဘိုဘိုဟန်မှာ နေအိမ်မျက်စောင်းထိုးရှိ
ဦးအာလူး နေအိမ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

ထို့နောက် ဘိုဘို(ခ)ဘိုဘိုဟန်က တိုင်တန်းသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူနှင့် တူဖြစ်သူတို့ နောက်မှ
ပြေးလိုက်ခဲ့ပြီး အနားသို့ရောက်စဉ် ဓါးဖြင့်ထိုးပြီး၊ ဓါးဖြင့် ခုတ်ခဲ့သည်။

ခင်ပွန်းဖြစ်သူနှင့် တူဖြစ်သူတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့
တင်ပို့ကုသစဉ် နှစ်ဦးစလုံး သေဆုံးခဲ့သောကြောင့် ခင်ပွန်းနှင့် တူဖြစ်သူတို့ကို သေဆုံးအောင်
ပြုလုပ်သူ ဘိုဘို(ခ)ဘိုဘိုဟန် ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဒဂုံတောင်မြို့မရဲခစန်းက (ပ) ၁၅၂၄/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူကို ဒုရဲမှူးမောင်မောင်ဦးနှင့် အဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ
ည ၁၂ နာရီ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်
နားနေဆောင် ၁ တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ