ယာဉ်တိုက်မှုဖြစ်စဉ်ကို ဆောင်ရွက်ပေးနေသည့် ဒုရဲမှူးတစ်ဦး ကားတိုက်ခံရပြီး သေဆုံး

ကမာရွတ်မြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်စဉ်ကို ဆောင်ရွက်ပေးနေသည့် ဒုရဲမှူးတစ်ဦး ကားတိုက်ခံရပြီး
သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဩဂုတ် ၇ ရက်က အမှုဖွင့် အရေးယူထားသည်။

အဆိုပါနေ့ နံနက် ၂ နာရီ ၁၅ အချိန် ခန့်တွင် ဗဟန်းမှ ကမာရွတ်မြို့နယ်ဘက်သို့ ကမာရွတ်မြို့နယ်နေ
ချမ်းမြေ့အောင်(၃၀ နှစ်) မောင်းနှင်လာသည့် ဟွန်ဒါဖစ်ယာဉ်သည် တက္ကသိုလ် ဓမ္မာရုံရှေ့အရောက်
လမ်းလယ်တုံးကို ၀င်ရောက်တိုက်မိခဲ့သည်။

ထိုမှတစ်ဆင့် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ရှင်းလင်းပေးနေသည့် ကမာရွတ်မြို့မ ရဲစခန်းမှူး
ဒုရဲမှူးစိုးအောင်ကို ၀င်တိုက်မိခဲ့ပြီးနောက် ၎င်းရှေ့မှ သာကေတမြို့နယ်နေ ဦးဇော်ဝင်း မောင်းနှင်သည့်
ပရိုဘောက်စ်ယာဉ်ကို ထပ်မံတိုက်မိခဲ့ပြီး ကျပ် ၂၂ သိန်းဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

ယာဉ်တိုက်ခံရသည့် ဒုရဲမှူးစိုးအောင်တွင် ၀ဲချိုစောင်းစုတ်ပြဲ၊ ၀ဲနံဘေးပွန်း ဒဏ်ရာများရရှိကာ
ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် နံနက် ၄ နာရီ ၄၆ မိနစ်အချိန်ခန့်တွင် သေဆုံးခဲ့သည်။

အလောင်းကို ဆေးရုံကြီးက ပီအာရ် ၀၁၁ ဖြင့် လက်ခံထားပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ
ချမ်းမြေ့အောင်ကို အရေးယူပေးရန် ရဲအုပ် ဇော်ဝေလင်းက တိုင်ကြားခဲ့သည်။

ကမာရွတ်မြို့မရဲစခန်းက ယာဉ် (ပ)၃၇/၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ က/၂၇၉ အရ
အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ