ဘောလုံးကန်စဉ် လျှပ်စစ်ဒါးမိန်းဖြင့် ထိမိရာက ဓာတ်လိုက်သေဆုံး

သာကေတမြို့နယ်တွင် ဘောလုံးကန်စဉ် လျှပ်စစ် ဒါးမိန်းဖြင့် ထိမိရာက ဓာတ်လိုက်သေဆုံးခဲ့သည်
ဆိုမှုကို သက်ဆိုင်ရာက ဩဂုတ် ၇ ရက်တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံ တွင် လူတစ်ဦး ဓာတ်လိုက်သေဆုံး ရောက်နေကြောင်း
သတင်းအရ သာကေတမြို့မရဲစခန်းမှ ဒုရဲမှူးယဉ်ထွေးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ဒွေးညီ (၁၈ နှစ်)ဖြစ်ပြီး ဧရာဝဏ်ရိပ်သာလမ်း အကျယ်ပေ ၂၀၀ ခန့် ခြံခတ်ထားသည့်
အဆောက်အအုံတွင်း ဘောလုံးကန်ရာက အဆိုပါခြံဝင်းအတွင်း အဆောက်အအုံငယ်အနီး
ဘောလုံး လိမ့်သဖြင့် ကောက်ယူရန်သွားစဉ် အနီးတွင် တပ်ဆင်ထားသည့် ဒါးမိန်းကို ထိမိသဖြင့်
ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိခင်၏ပြောပြချက်အရ သိရသည်။

သာကေတမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၀/၁၇ ဖြင့် အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ