ကေတီဗီရှိ မီးပလပ်ခုံအပူလွန်ကဲကာ ကျပ် ၁၇ သိန်းဖိုး မီးလောင်ဆုံးရှုံး

သင်္ဃန်းကျွန်းမြို့နယ်တွင် ကေတီဗီရှိ မီးပလပ်ခုံအပူလွန်ကဲကာ ကျပ် ၁၇ သိန်းဖိုး မီးလောင်ဆုံးရှုံး
ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက သြဂုတ် ၈ ရက်နေ့တွင် အမှုဖွင့်စုံစမ်းလျက်ရှိသည်။

အဆိုပါနေ့ ညနေ ၅ နာရီ ၁၅ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းနှင့်
ဝေဇယန္တာ လမ်းထောင့်ရှိ ကေတီဗီမီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သင်္ဃန်းကျွန်းမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုဦးအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ ဆိုင်တတိယထပ် အမျိုးသမီးများနား နေခန်းမှ မီးပလပ်ခုံတွင် ဖုန်းအားသွင်းထားရာက
အပူလွန်ကဲကာ မီးလောင်ပြီး ဆိုဖာပေါ်သို့ မီးကူးရာ က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနချုပ်၊ မီးသတ်ဦးစီးညွန်မှူး ဦးကျော်သူရ၀င်း၊ ရန်ကုန်တိုင်းဒေသကြီး
မီးသတ်ဦးစီးမှူး ဦးကြည်ဝင်းတို့ ဦးစီးသည့် မီးသတ်တပ်ဖွဲ့များက မီးသတ်ယာဉ် ၂၄ စီး၊
အုပ် ချုပ်မှုယာဉ် ၄ စီး တို့နှင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် အဆောက်အဦနှင့်ပစ္စည်းတန်ဖိုး ၁၇ သိန်းဖိုးခန့်ဆုံးရှုံးခဲ့ပြီး ဆိုင်မန် နေဂျာ
ဦးကျော်တင့်ခိုင် (၄၇ နှစ်)ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ သင်္ဃန်းကျွန်းမြို့ မရဲစခန်းက
(ပ)၇၅၆/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ