ဝိုင်ဘီအက်စ်လမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးသူကို ပြည်သူပိုင်ဥပဒေဖြင့် အမှုဖွင့်

လှိုင်သာယာမြို့နယ်တွင် ၀ိုင်ဘီအက်စ် လမ်းညွှန်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သည်ဆိုသူကို
ပြည်သူပိုင်ဥပဒေဖြင့် သက်ဆိုင်ရာက ဩဂုတ် ၆ ရက်တွင် အမှုဖွင့် အရေးယူထားသည်။

လှိုင်သာယာမြို့နယ် ရန်ကုန်ဪညောင်တုန်း လမ်း ပီမိုးနင်းလမ်းထောင့် အမှတ် ၅ ထိပ်
မှတ်တိုင်တွင် စိုက်ထူထားသည့် ၀ိုင်ဘီအက်စ် လမ်းညွှန်ဆိုင်းဘုတ်ကို လူတစ်ဦးက ဦးခေါင်းဖြင့်
တိုက်ဖျက်ဆီးကြောင်း သတင်းအရ ရဲတပ်ကြပ် ချစ်နိုင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ထိုနေရာတွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာနေ ထိန်လင်းရှိန်(၂၈နှစ်)က အရက်မူးပြီး
လမ်းညွှန်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သဖြင့် ကျပ် ၅၀,၀၀၀ ခန့် ဆုံးရှုံးခဲ့သောကြောင့် အရေးယူပေးရန်
တိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းက (ပ) ၂၉၇၄/၁၇ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး
ဥပဒေ ပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ