ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိမိကိုယ်မိမိ ဓာတ်ဆီလောင်း မီးရှို့သူကို အမှုဖွင့်

သန်လျင်မြို့နယ်တွင် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်စဉ် မိမိကိုယ်မိမိ ဓာတ်ဆီလောင်းမီးရှို့ခဲ့သည်
ဆိုသူကို သက်ဆိုင်ရာက ဩဂုတ် ၆ ရက်တွင် အမှုဖွင့် အရေးယူထားသည်။

အဆိုပါနေ့က သန်လျင်မြို့နယ် သိမ်ကျောင်းလမ်းရှိ ဆိုင်ကယ်အရောင်းဆိုင်ရှေ့တွင် အမျိုးသမီးတစ်ဦး
မီးလောင်နေကြောင်း သတင်းအရ ဒုရဲအုပ်ဝင်းမော်အောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

မီးလောင်နေသူမှာ ဘုရားကုန်းကျေးရွာနေ မဇင်မာနိုင် (၂၈ နှစ်) ဖြစ်ပြီး ည ၉ နာရီ ၄၀ အချိန်ခန့်တွင်
ခင်ပွန်းဖြစ်သူ နိုင်လင်းအောင်(၃၀ နှစ်)နှင့်လင်မယားချင်း စကားများရန်ဖြစ်ခဲ့ပြီးနောက်
ဆိုင်ကယ်ပြင်ဆိုင်အတွင်း ရေသန့်ဘူးဖြင့် ထည့်ထားသည့် ဓာတ်ဆီတစ်ဘူးနှင့် မီးခြစ်ကို
အသုံးပြုပြီး မိမိကိုယ်မိမိ မီးရှို့ခဲ့သည်။

မီးလောင်မှုကြောင့် မဇင်မာနိုင်တွင် မျက်နှာ နှင့် ခန္ဒာကိုယ်အရေပြား စုတ်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး
သန်လျင်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသရသောကြောင့် မိမိကိုယ်မိမိ
သေကြောင်းကြံစည်သူကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

သန်လျင်မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ