အုပ်ထိန်းသူဆေးခန်းသွားစဉ် သားမယားပြုကျင့် ခံရ

အုပ်ထိန်းသူဆေးခန်းသွားနေစဉ် တစ်ရပ်ကွက်တည်းနေသူက သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက ဩဂုတ် ၆ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့ တိုင်ကြားရာတွင်
အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူသည် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် တစ်ရပ်ကွက်တည်းနေ
ကျော်မိုးသက်(ခ)အိုးစည် ၂၁ နှစ်က နေအိမ်ပေါ်သို့ တက်ရောက်ကာ သားမယားအဖြစ်
ပြုကျင့်ခဲ့သည်ဟုဆိုသည်။

စုံစမ်းချက်အရ အဘွားဖြစ်သူ သည် ရပ်ကွက်ဆေးခန်းသို့ သွားရောက် ကုသနေစဉ် ကျော်မိုးသက်(ခ)
အိုးစည်က နေအိမ်ပေါ်တက်လာပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသဖြင့် အရေးယူပေးရန်
တိုင်ကြားခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ